အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
သံစဉ်လှိုင်း ဘလော့ဂ်လေးကို လုပ်ထားတာကတော့ ၂၀၀၇ ခုနှစ်၊ ဇွန်လကတည်းက ဖြစ်ပါတယ်. ကျွန်တော် youtube မှာ အပျင်းပြေ သီချင်းလေးတွေ နားထောင်နေရင်းက ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို တစ်နေရာမှာ စုထားရင် ကောင်းမယ်ဆိုပြီး ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ youtube video လေးတွေကို စုဆောင်းခဲ့ပါတယ်. နောက်ပိုင်းမှာ တစ်ခြားသူတွေကိုပါ ကြည့်လို့ရအောင်ဆိုပြီး Contributors တွေ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်.
အဲဒီ့နောက်မှာတော့ မြန်မာပြည်တွင်းက youtube ကို access လုပ်လို့မရတဲ့သူတွေပါ ကြည့်လို့ရအောင်၊ နားထောင်လို့ရအောင်ဆိုပြီး သီချင်းလေးတွေကို ဒေါင်းလုပ်ချ၊ File Hosting မှာ upload ပြန်လုပ်ပြီး သီချင်းစာသားလေးတွေကိုပါ တတ်နိုင်သလောက် ပါအောင် ထည့်စေခဲ့ပါတယ်.
အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး. ဒါပေမယ့် အတိုင်းအတာတစ်ခုထိတော့ လက်ခံအားပေးမှု ရခဲ့ပါတယ်. နောက်ပိုင်းမှာတော့ မကြီးကြပ်နိုင်တော့တာက တစ်ကြောင်း၊ ပါဝင်ရေးသားနေတဲ့ Contributors များမှာလည်း မအားလပ်ပုံရတာက တစ်ကြောင်းတို့ကြောင့် ဘလော့ဂ်လေးက အရှိန်သိပ်မရတော့သလိုဖြစ်သွားခဲ့ရပါတယ်.
ကျွန်တော် သိချင်တာက ဒီဘလော့ဂ်လေးကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်သင့်သလဲ.
(၁) သီချင်းတွေ ဝေမျှနေတာ ကော်ပီရိုက် ထိနိုင်သလား. တစ်ခြားဆိုက်တွေလည်း ဝေမျှနေကြတာပါပဲ. ဒါပေမယ့် ကျွန်တော်တို့က အဲဒီ့လိုမျိုး အနုပညာရှင်တွေကို မလေးမစားလုပ်သလို ဖြစ်သွားမိမှာကို ထည့်သွင်းစဉ်းစားသင့်သလား. ဒါဆိုရင် ဘယ်လိုပုံစံနဲ့ ဒီဆိုက်လေးကို ဆက် run မလဲ?
(၂) ဘလော့ဂ်အနေနဲ့ပဲ ထားသင့်သလား၊ ဘလော့ဂ်ဆိုရင်လည်း Blogger နဲ့ကောင်းမလား၊ Wordpress နဲ့ ပိုသင့်တော်မလား. Website လေးတစ်ခုအဖြစ်ပြောင်းသင့်သလား.
(၃) ဘာတွေ ဆက်ထည့်သင့်သလဲ. တစ်ပတ်စာ ရွေးချယ်ချက်လေးတွေ တင်ပေးထားသင့်သလား. ဥပမာ. Countdown 20 of this week ဆိုပြီး သီချင်း ၂၀ ရွေးချယ်တင်ပေးထားတာမျိုး..
ဥပမာ ဆွေးနွေးပြတာပါ. ပရိသတ်ရဲ့ အကြံဥာဏ်လေးတွေကို သိပါရစေ...
ပါဝင်ရေးသားကူညီပံ့ပိုးပေးလိုသူများ ရှိခဲ့ရင်လည်း aungyan@gmail.com ကို ဆက်သွယ်ပေးပါ..
Saturday, December 6, 2008
Sunday, October 12, 2008
အကြင်နာအကြည့်တွေရဲ့  အကြောင်း
Vocalist: ဇော်ပိုင်
Song: အကြင်နာအကြည့်တွေရဲ့  အကြောင်း
Song: အကြင်နာအကြည့်တွေရဲ့  အကြောင်း
မိန်းကလေးတစ်ယောက်ကို ယောင်္ကျားလေးတစ်ယောက်က ချစ်တယ်ဆိုတဲ့အကြောင်း ဖွင့်မပြောရဲ၊ မသိချင်ယောင်ဆောင်နေတာတွေကို ခံစားရေးသား သီဆိုထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ကိုယ် သိပ်.....ချစ်နေတဲ့ ကောင်မလေးကို ခံစားသီဆို လိုက်ရင် ကောင်မလေးက သနားပြီး ပြန်ချစ်ရလောက်အောင် သီချင်းစာသားနဲ့ တီးလုံးက ကိုက်ညီ သီကုံးရေးသား ဖွဲ့ဆိုထားပါတယ်။
Sunday, September 7, 2008
Thursday, September 4, 2008
ဘယ်ပန်းချီရေးလို့မမီ - ရှုမ၀မောင်ဆွေတင့်
Vocalist: ရှုမ၀မောင်ဆွေတင့်
Composer: တက္ကသိုလ်အေးမောင်
Song: ဘယ်ပန်းချီရေးလို့မမီ
ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ...
အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်...
ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်...
တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်...
Composer: တက္ကသိုလ်အေးမောင်
Song: ဘယ်ပန်းချီရေးလို့မမီ
ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ...
အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်...
ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်...
တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်...
Thursday, August 28, 2008
Subscribe to:
Posts (Atom)