Showing posts with label ရေဗက္က၀င်း. Show all posts
Showing posts with label ရေဗက္က၀င်း. Show all posts

Monday, December 24, 2007

သီချင်းလက်ဆောင်

Vocalist: ရဲလေး + ရေဗက္က၀င်း
Song: သီချင်းလက်ဆောင်

ညီညာသီဆိုကြ တေးသံစုံကျူးအေးမယ်
ပျော်ရွှင်စရာဒီလိုမွေးနေ့မှာ...
ကိုယ်တော်ရှင်ဘုရား မေတ္တာတော်လွန်စွာကြီးမားလှ
လွန်ခဲ့လှတဲ့ နှစ်ဟောင်းများအတွင်းမှာ

ကမ္ဘာကြီးထဲမှာလည်း ငါပိုင်ဆိုင်တာက တစ်ခုမှမရှိဘူး
ငါ့အိမ်ပေါ်မှာလည်း မက်မောစရာမတွေ့မိပြန်ဘူး
ဒီတော့ဘယ်လိုလုပ်မလဲ စဉ်းစားရင်းတွေးနေမိတယ်
မွေးနေ့လက်ဆောင်အတွက်ငါ့နှလုံးသားက အသင့်ပါပဲ။

cho: မွေးနေ့လက်ဆောင်အတွက် မက်မောဖွယ်ရာ
ရွှေငွေများတို့မပါ ဂုဏ်တော်ကိုသာချီးမွမ်း ထာဝစဉ်သာလန်းဆန်းဖို့ရာ
တုနှိုင်းမရတဲ့ တို့မေတ္တာ ရေထိပန်းလိုအမြဲစိုပြေစေသား .....

မွေးနေ့လက်ဆောင်အတွက် မက်မောဖွယ်ရာ
ရွှေငွေများတို့မပါ ဂုဏ်တော်ကိုသာချီးမွမ်း ထာဝစဉ်သာလန်းဆန်းဖို့ရာ
တုနှိုင်းမရတဲ့ တို့မေတ္တာ သီချင်းလက်ဆောင်ပါးကာဆုမွန်တောင်းကြမယ်

ကိုယ်တော်ရှင်ဘုရား လက်တော်ဝယ်ငြိမ်းချမ်းစွာ
နောင်လာအနာဂတ်ခရီးလမ်းမှာ အလိုတော်ရှေ့ထား
ဘေးရန်တွေရှောင်ဖယ်တိမ်းသွားစို့
ဒို့များဆုတောင်းလာမယ့် ရှေ့တစ်သက်တာ

လက်ဆောင်ပေးဖို့အတွက် စိတ်ကူးထားတာတစ်ခုတော့ရှိတယ်
ရွှေငွေဥစ္စာ နဲ့ သက်မဲ့တွေတော့မဟုတ်ပါဘူး
ပိုင်ဆိုင်သမျှတွေထဲ အကောင်းဆုံးတစ်ခုတော့ပေးခဲ့လိုက်မယ်
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး နှလုံးသား နှလုံးသားတစ်ခုလုံး....

[ cho: ]

လက်ဆောင်ပေးဖို့အတွက် စိတ်ကူးထားတာတစ်ခုတော့ရှိတယ်
ရွှေငွေဥစ္စာ နဲ့ သက်မဲ့တွေတော့မဟုတ်ပါဘူး
ပိုင်ဆိုင်သမျှတွေထဲ အကောင်းဆုံးတစ်ခုတော့ပေးခဲ့လိုက်မယ်
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး နှလုံးသား နှလုံးသားတစ်ခုလုံး....

[ cho: ] 2

Thursday, December 20, 2007

ငါတော့မှားပြီ

Vocalist: ရေဗက္က၀င်း
Song: ငါတော့မှားပြီ

မှားသွားပြီ လုံးဝစိတ်ကုန်မိ ခါးသွားပြီ မင်းအချစ်တော့တော်ပါပြီ
မင်းအတွက်ငါ ခေါ်တိုင်းထူးတတ်သည့် အမွေးစုတ်ဖွားနဲ့
မင်းရဲ့ကြောင်ကလေးလား မင်းကသတ်မှတ်သည်
အို ငါတော့မှားပြီ အို ငါတော့မှားပြီ
အချိန်တွေတော်တော်လွန်ခဲ့ပြီ အချိန်တွေတော်တော်လွန်ခဲ့ပြီ
နောက်ဆုံးဘ၀နဲ့ မင်းကို ဟေး ချစ်ခဲ့မိ ချစ်ခဲ့မိ ချစ်ခဲ့ ချစ်ခဲ့ မှားပြီ
မင်းခေါင်းငြိမ့်တဲ့အခါ ပါးစပ်ကထူးပြီး ပြေးပြေးလာ မင်းငြီးငွေ့တဲ့အခါ
သွားသွားမင်းမောင်းထုတ်တတ်တာတွေးမိတော့အသည်းနာ
မင်းဦးနှောက်နဲ့ တွေးကြည့်ပါ ငါ့ရဲ့အဖြစ်က ကြောင်လိုလား
မင်းခေါင်းငြိမ့်တဲ့အခါ ပါးစပ်ကထူးပြီး ပြေးပြေးလာ မင်းငြီးငွေ့တဲ့အခါ
သွားသွားမင်းမောင်းထုတ်တတ်တာတွေးမိတော့အသည်းနာ
မင်းဦးနှောက်နဲ့ တွေးကြည့်ပါ ငါ့ရဲ့အဖြစ်ကဆိုး

မင်းစိတ်ဟာအရမ်းပဲအတ္တကြီး မင်းအချစ်များ... လုံးဝတော်ပါပြီ
မင်းအတွက်ငါ လှိမ့်တိုင်းလှိမ့်တတ်သည့် ဘီးတပ်ထားတဲ့မင်းရဲ့အနီရောင်ကားလေး
တစ်စင်းတော့မဟုတ်ခဲ့သည် အို ငါတော့မှားပြီ အို ငါတော့မှားပြီ
အချိန်တွေတော်တော်လွန်ခဲ့ပြီ အချိန်တွေတော်တော်လွန်ခဲ့ပြီ
နောက်ဆုံးဘ၀နဲ့ မင်းကို ဟေး ချစ်ခဲ့မိ ချစ်ခဲ့မိ ချစ်ခဲ့ ချစ်ခဲ့ မှားနေပြီ

မှားသွားပြီ တကယ်စိတ်ကုန်ပြီ မျှော်လင့်ခဲ့မိသမျှရင်မှာဇောက်ထိုးဖြစ်ခဲ့ပြီ
ခါးသွားပြီ ရင်ထဲကြောက်နေပြီ ဒါဟာအချစ်ပဲလို့ ယုံကြည်စွာမင်းတစ်ဖက်သတ်ပြောနေပြီ
မင်းနှိုးတော့ နိုးလာ မင်းနောက်တကောက်ကောက်လိုက်လို့ပါ မင်းသွားတဲ့ဖက်သွားပါ
မင်းကွေ့တဲ့ဖက်ကွေ့လိုက်ပါ မင်းစိတ်ကြိုက်မောင်းပါ သော့တပ်ထားတဲ့ငါ့ဘဝ
မင်းရဲ့ကားလိုထင်နေလား
မင်းနှိုးတော့ နိုးလာ မင်းနောက်တကောက်ကောက်လိုက်လို့ပါ မင်းသွားတဲ့ဖက်သွားပါ
မင်းကွေ့တဲ့ဖက်ကွေ့လိုက်ပါ မင်းစိတ်ကြိုက်မောင်းပါ သော့တပ်ထားတဲ့ငါ့ဘဝ
မင်းရဲ့ကားမဟုတ်ဘူး

Thursday, December 6, 2007

စောရအိုင်

Vocalist: ရေဗက္က၀င်း
Song: စောရအိုင်

မျိုသိပ်ထားတဲ့အချစ်တွေ တစ်ယောက်တည်းပဲသိတယ်လေ
မင်းအပြုံးအောက်မှာငါရင်မောစွာ နှလုံးသားဟာသိမ်ငယ်နေသလိုပါ
ဘာသာစကားလေးတစ်ခွန်းကို ရင်မှာတိတ်တိတ်ညည်းဆိုရင်း
အိပ်မက်များစွာမက်ရင်းက မင်းကြားအောင်အခါခါဆိုနေတာ
သူသိမလား... တိတ်တဆိတ်အချစ်တွေကို ဖွဲ့နွဲ့မဆိုတတ်ခဲ့
ယုံမှာလား မင်းကနားမလည်လည်း တစ်ဖက်သတ်အချစ်လေးနဲ့
တို့ပြောမယ် နားထောင်... နှောင်ဖွဲ့ဌိုင် စောရအိုင်

ပင်ကို ရိုးသားမှုနဲ့လိမ်လည်ပြောဖို့မတတ်တယ်
သိပ်ချစ်မိတယ် ဒီတစ်ခွန်းပါ မင်းနားလည်စေချင်နေပါတယ်
တစ်ယောက်တည်းပဲပြောမယ် တစ်ယောက်တည်းပဲကြားစေကွယ်
သိပ်ချစ်မိတယ် ဒါကိုနားလည် မင်းကြားအောင်အခါခါဆိုနေမယ်...
သူသိမလား... တိတ်တဆိတ်အချစ်တွေကို ဖွဲ့နွဲ့မဆိုတတ်ခဲ့
ယုံမှာလား မင်းကနားမလည်လည်း တစ်ဖက်သတ်အချစ်လေးနဲ့
တို့ပြောမယ် နားထောင်... နှောင်ဖွဲ့ဌိုင် စောရအိုင်

နှောင်ဖွဲ့ဌိုင် စောရအိုင်
တို့ပြောမယ်... နှောင်ဖွဲ့ဌိုင် စောရအိုင်

ကိုကိုစိတ်ကူးယဉ်

Vocalist: ဘရိတ်ကီ + ရေဗက္က၀င်း
Song: ကိုကိုစိတ်ကူးယဉ်

လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ဟိုတယ်မှာ ကိုကာကိုလာသောက်ဖို့သူခေါ်တယ်
ကားတိုးစီးဖို့ ၀ါသနာသူ့မှာပါမလာဘူး
မွန်းကျပ်လွန်းတဲ့ အမြန်ယာဉ်နှစ်ဆယ်တန်မစီးချင်ဘူး
မာစီးဒီးပေါ်ဝယ် ဇိမ်နဲ့နေမယ် ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား

ကိုကိုစိတ်ကူးအဆီအငေါ်တွေမတည့်နိုင်
ရည်ရွယ်ချက်များအတွေးကမ္ဘာထဲမှာလည်
ထီထိုးတော့လည်း... ကံတရားမကယ်တယ်...
ကျူထရံကာနေ အိမ်မှာအမိုးများမလုံပါတယ်
ကမ္ဘာကျော်စိတ်ကူး ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမိန်မိန်... ဗိုက်ကလေးပိန်ပိန်...
ဇာတာရှင်ရယ်မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

ကျား- [ ဟူး... အကုန်လုံးကူးတဲ့စိတ်ကူး
ကြံကြံဖန်ဖန်လူတိုင်းကတော့ကြွားတယ်
မှန်မှန်ကန်ကန်လုပ်ပြီးပြောဖို့ကြောက်တယ်
ဟန်ဆောင်နေရင် တစ်ချိန်ချိန်အကုန်လုံး
ကျွတ်ကျနိုင်ပါတယ်.. ဦးနှောက်ထဲတော့ရောက်ရောက်မလာတဲ့အမှန်တရားတွေ
အားလုံးယုံပြီးပုံခဲ့မိတဲ့ ကံတရားတွေ ရေသာခိုကာချောင်လိုက်ကြတော့
လွယ်လွယ်ကူကူယောင်လိုက်ကြတော့ ရေရှည်မှာမလွယ်တဲ့အဖြစ်
မင်းတို့ရေရှည်မလွယ်တဲ့အဖြစ်..]

လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ဟိုတယ်မှာ ကိုကာကိုလာသောက်ဖို့သူခေါ်တယ်
ကားတိုးစီးဖို့ ၀ါသနာသူ့မှာပါမလာဘူး
မွန်းကျပ်လွန်းတဲ့ အမြန်ယာဉ်နှစ်ဆယ်တန်မစီးချင်ဘူး
မာစီးဒီးပေါ်ဝယ် ဇိမ်နဲ့နေမယ် ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား

ကိုကိုစိတ်ကူး အဆီအငေါ်တွေမတည့်နိုင်
ရည်ရွယ်ချက်များအတွေးကမ္ဘာထဲမှာလည်
ထီထိုးတော့လည်း... ကံတရားမကယ်တယ်...
ကျူထရံကာနေ အိမ်မှာအမိုးများမလုံပါတယ်
ကမ္ဘာကျော်စိတ်ကူး ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမှိန်မှိန်... ဗိုက်ကလေးပိန်ပိန်...
ဇာတာရှင်ရယ်မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား
ဇာတာရှင်ရယ် မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

အချစ်ဆုံးမို့ပြောပြချင်ပါတယ်

Vocalist: ရေဗက္က၀င်း
Song: အချစ်ဆုံးမို့ပြောပြချင်ပါတယ်

ရေဇလာမြသားပြင်အလယ်မှာကွယ် ရွှေကြာလေးပွင့်သလိုပုံနှယ်
ရင်လွှာကြားဒီကမ္ဘာကြီးမယ် အကြင်နာချစ်ပန်းငယ်ပွင့်ပေါ့ကွယ်
အချစ်ဆုံးမို့ပြောပြချင်ပါတယ်
မေ့နှလုံးသားနှင်းရသူမောင်ရယ် အရပ်သုံးစကားမလှပချင်နေမယ်
အမြတ်နိုးဆုံးပါပဲကွယ်

ကလီယို မိဖုရားလေးကိုလည်းချစ်တယ် စံပယ်ပန်းလေးလည်းချစ်တယ်
ညဆည်းဆာလေးလည်းချစ်ပါတယ်... ခုနှစ်လွှာရောင်သက်တန့်ကိုလည်းချစ်တယ်
လ၀န်းလေးလည်းချစ်တယ် အလှလေးတွေအားလုံးချစ်ပါတယ်
ဒီအရာတွေပုံခိုင်းကာ နှိုင်းရင် ကုဋေကုဋာတောင်ပိုမကတဲ့အသည်းရယ်
အရပ်သုံးစကားမို့ကဗျာမဆန်ပါတယ် အမြတ်နိုးဆုံးပဲမေ့ချစ်သူရယ်