Showing posts with label မျိုးကျော့မြိုင်. Show all posts
Showing posts with label မျိုးကျော့မြိုင်. Show all posts

Monday, February 25, 2008

Vocalist: မျိုးကျော့မြိုင်
Song: မင်းလေးချစ်တတ်ရင်

ကျွန်တော့်ချစ်သူကို ဆိုရင်တော့ ဒီသီချင်းလေးတီးပြမယ်ဗျ။ ဒီနေရာလေးလေ
`ကိုယ့်မှာရှိတဲ့ လက်ဆောင်တစ်ခုကွယ် မင်းကိုပေးမယ် ယူမလားအချစ်ရယ် ဟောဒီ ပုခုံးရယ် ဒီဦးနှောက် နဲ့ မင်းကိုချစ်တဲ့ ဒီနှလုံးသားရယ်´
ဆိုတာလေးပေါ့
Vocalist: မျိုးကျော့မြိုင်
Song: ပြောခွင့်ပြုပါမိန်းခလေးရယ်

ဖြည်းဖြည်းချင်း ကိုယ့်မျက်စိအောက်မှာ ပန်းချီကားတချပ် ရုပ်လုံးကြွလာတယ်......

Thursday, January 10, 2008

ကမ္ဘာမြေဆုံးထိ

Vocalist: ဖြူ
Song: ကမ္ဘာမြေဆုံးထိ

အားလုံးပျော်ရွှင် ကြည်နူးနိုင်ကြပါစေ။



* ရှင်သန်ရာ အချိန်လေးတော့ မင်းရဲ့ အနား နေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးထိ မခွဲချင်ဘူး
*
**ကိုယ်နေချင်တာက မင်းရဲ့ အနား
ကိုယ်လိုချင်တာက မင်းရဲ့ အချစ်များ
မြင်ချင်ပါတယ် မင်းအပြုံးလေး
ကိုယ့်နေ့ညတွေကို အဓိပါယ်ပေး
ကိုယ့်ရဲ့ဘ၀အမှတ်တရ ကိုယ့်ရဲ့ဘ၀ ထာဝရ
မင်းစကားတွေကို သိပ်ချစ်လွန်းလို့
မင်းပြုံးတာကို သိပ်ချစ်မိလို့
ရှင်သန်ရာ ဒီဘ၀လေးတစ်ခုမှာ
ကိုယ်တို့နှစ်ယောက်ဟာ အနီးဆုံးချစ်သူတွေပါ
*
***ကြင်နာသူလေး မင်းစိတ်ဆင်းရဲ့မှာ
ခလေးလေးတစ်ယောက်လို ပြုံးတတ်တဲ့မျက်နှာ
ညိုးနွမ်းရမယ့် အချိန်များ
ခံစားသွားရမယ့်အချိန်များ
ကိုယ့်ရဲ့ ဘ၀မှာ တကယ်မရှိချင်တော့လို့ပါ
လူတွေ အပြင်မှာ ပြောတဲ့စကား
ကိုယ်တို့ဘ၀အတွက် စိတ်အနှောက်အယှက်တွေလား
တကယ်အသေအချာမင်းဆုံးဖြတ်ထား
ကိုယ်တို့နှစ်ယောက်ဟာ ကမ္ဘာမှာ တကယ်အဓိကမဟုတ်လား
*
(အမြဲတမ်း ကြင်နာခွင့်ပေးပါ
အစွဲအလမ်း သူယုံကြည်ပေးပါ
မခွဲတမ်း နေချင်တာ မင်းအနားနား)၂
*
*