Showing posts with label ထူးအိမ်သင်. Show all posts
Showing posts with label ထူးအိမ်သင်. Show all posts

Sunday, December 23, 2007

ထူးအိမ်သင် - နန်းမိုးခမ်း

Vocalist: Name
Song: ထူးအိမ်သင် - နန်းမိုးခမ်း

ဒါကတော့ ထူးအိမ်သင်ရဲ့ နန်းမိုးခမ်း ဆိုတဲ့သီချင်းလေးပါ။
စောဘွဲ့မှူး ရေးစပ်ထားတာပါ။

Friday, August 17, 2007

ထူးအိမ်သင် ကြယ်တွေဆုံတဲ့ည

Vocalist: ထူးအိမ်သင်
Song:


ကြယ်တွေဆုံတဲ့ည





ကြယ်တွေဆုံတဲ့ည... ကိုယ့်အိမ်မက်လေးရယ်...

ကြယ်တွေဆုံတဲ့ည... ဘ၀မျှော်လင့်ခြင်းရယ်...

ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့.. သီချင်းနေ့ ..လေး....

ရင်တွေကွဲသွားအောင်.. ဆိုနေအုံးမယ်.....


ကြယ်တွေဆုံတဲ့ည... အဝေးအိမ်ကိုလွမ်း..တယ်

ကြယ်တွေဆုံတဲ့ည... ခရီးမိုင်တွေခြားစေ....

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ ..နေ့ တွေ..လေး...

ကျော်လွန်သွားခဲ့ရင်... ဒို့ ပြန်ဆုံအုံး...မယ်..



(Chorus)

(နာကျင်စွာတစ်ယောက်ထဲ... တရေးနိုးတဲ့ညတို့ မှောင်နေဆဲ...

အိမ်ပြန်ချင်ပေမယ့်...မပြီးဆုံးတဲ့..အိမ့်..မက်ရှည်တွေနဲ့ .....

အိုး.းး.း.. အမြဲတမ်းသတိရနေတယ်...ရှင်းပြလို့ ပေးပါ..ကွယ်..

ကြယ်ပွင့်လေး...ရယ်....ငါ့....ရဲ့ ....အကြောင်း...တွေ....


ကြယ်တွေဆုံတဲ့ည...ထပ်ကြုံရအုံးမယ်...

ကြယ်တွေ တကယ်ဆုံတဲ့ည... လှနေမှာပေါ့ကွယ်...

နေညိုညိုလမ်း...လေးထက်..နေစဉ်စောင့်နေ..တယ်...

မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန် ည..ရယ်...)x2



နေညိုညိုလမ်း...လေးထက်..နေစဉ်စောင့်နေ..မယ်...

မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန် ည.....ရယ်...





Tuesday, July 31, 2007

ခေါင်းလောင်းလေးတွေ မြည်နေပြီ

Vocalist: ထူးအိမ်သင်
Song: ခေါင်းလောင်းလေးတွေ မြည်နေပြီ

ခေါင်းလောင်းလေးတွေ မြည်နေပြီ

ငှက်ကလေးတွေလဲ တေးဆိုသည်

နာရီစင်က သုံးချက်တီးသံမြည်

နှင်းတွေလဲ ကျနေပြီ

ဒီဆောင်း မြောက်လေမြူးသည်

ခုတော့ သိပြီ

သူ့ကို ကိုယ်ချစ်သည်

အရင်တနေ့က သူ့မျက်နှာတွေ့လိုက်ရသည်

ကိုယ်လေ သေလုမြောပါးကွယ်

ခံစားရတဲ့ အဖြစ်ကိုစမ်းစစ်ကြည့်သည်

သြော် ချစ်တာပဲဖြစ်မည်

သူ့ရဲ့အပြုံးဟာရင်ခုန်သည်

တသက်လုံးဒီအတိုင်းဖြစ်ချင်သည်

အကြင်နာ ချစ်စကားပြောခွင့်ပေးပါအတည်

အသည်းမှာလဲ စိုးရိမ်သည်

သူများဦးမှာတွေးကြောက်သည်

ခုတော့ သိပြီ သူ့ကို ကိုယ်ချစ်သည်

ခေါင်းလောင်းလေးတွေ မြည်နေပြီ

အခုတော့ သိပြီ သူ့ကို ကိုယ်ချစ်သည်


Thursday, July 19, 2007

မဇ္ဈိမ

Vocalist: ထူးအိမ်သင်
Song: မဇ္ဈိမ

ကမ္ဘာမြေပြင်ရဲ့ စောင်းကြိုးများ
ပဉ္စသိင်္ခတီးခတ်ပြ
သာယာနာပျော် မဇ္ဈိမ
ရှာဖွေကြစို့ လမ်းတွေ
မာန်တွေဂုဏ်တွေ တင်းမလား
အရာရာကို အလျှော့ပေးသွားမလား
မြေပုံမပါတဲ့ တို့ရဲ့ဘဝ
ရှာဖွေကြစို့ လမ်းတွေ

အလယ်အလတ်လမ်းပဲ
အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ
မိတ်ဆွေသွားစို့နော်

ကမ္ဘာပေါ်မှာ လူသားတို့ရဲ့
နေပုံထိုင်ပုံနည်းများထဲ
ပုံစံတွေက အမျိုးမျိုးပဲ
ရှာဖွေကြစို့ လမ်းတွေ
မှန်မှန်ကန်ကန်သွားရင်းတို့
လမ်းမှားထဲ ရောက်ခဲ့တော့
သံစဉ်တွေနဲ့ ထိန်းသိမ်းခဲ့
ရှာဖွေကြစို့ လမ်းတွေ

အလယ်အလတ်လမ်းပဲ
အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ
မိတ်ဆွေ/အချစ်ရေ သွားစို့နော်

လူသတ္တ၀ါတွေ ကောင်းကျိုးအတွက်
ထာဝစဉ်မှန်ကန်လွန်းလှတဲ့
ကယ်တင်သွန်သင် ဗုဒ္ဓရဲ့
ရှာဖွေကြစို့ လမ်းတွေ

ကိုယ်တိုင်သင်ယူ စောင်းကြိုးသွား
ရှင်တော်ရှင်တော် မြတ်ဗုဒ္ဓရဲ့
ပေါ်တော်မူရာ မဇ္ဈိမ
ရှာဖွေကြစို့ လမ်းတွေ


အလယ်အလတ်လမ်းပဲ
အစွန်းများ လွတ်အောင် သွားကြစို့နော်
အလယ်အလတ်လမ်းပဲ
မိတ်ဆွေ သွားစို့နော်

မဇ္ဈိမဒေသကို ပူဇော်ကြ
မဇ္ဈိမဒေသရဲ့ တေးသွားများ
မဇ္ဈိမဒေသကို ပူဇော်ကြ
မဇ္ဈိမဒေသရဲ့ တေးသွားများ

(ရေပြင်ပေါ်မှာ မြေပြင်ပေါ်မှာ မြင့်မြတ်လှတဲ့ မဇ္ဈိမလေ
လူတွေကို လူတွေကို လမ်းလမ်းလမ်းပဲ ပြနေ)၃