Showing posts with label R ဇာနည်. Show all posts
Showing posts with label R ဇာနည်. Show all posts

Thursday, January 10, 2008

ကိုယ့်အနားရှိစေချင်

Vocalist: Rဇာနည်
Song: ကိုယ့်အနားရှိစေချင်

အတူသွား အတူစားကာ ပျော်ပါးခဲ့ဖူးတာ
ပြန်တွေးလိုက်တိုင်း မင်းနားနား ရောက်လာ
သူစိမ်းတွေ ကြားမှာ လှုပ်ရှားရင်းနဲ့သာ
တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်ဆဲပါ

ရေမြေခြား သွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ

ကိုယ် ..... ဟိုး အဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤ မှန်ကန်သော ကိုယ်ရဲ့ သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

ဤ မှန်ကန်သော တိုင်တည်ထားကိုယ့်သစ္စာ ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

အချစ်ဆုံးသာ ကိုယ့်အနား ရှိ စေ ချင်

Lyrics from: http://lyric.pikay.org/

Thursday, December 20, 2007

မင်းအကြောင်းအိပ်မက်

Vocalist: Rဇာနည် + Lဆိုင်းဇီ
Song: မင်းအကြောင်းအိပ်မက်

မျက်လုံးများဖွင့်လို့ထားလည်း အမြင်အာရုံထဲမင်းပဲကိုယ်မြင်နေတယ်
ရင်မှာထာဝစဉ်သာမင်းကနေရာယူထားခဲ့ပေါ့ ဘ၀ကိုပိုင်စိုးထား
နှလုံးသားထဲမှာတစ်စုံတစ်ရာခံစားခဲ့ရတော့.... ၀မ်းနည်းလို့လာတယ်
နာကျင်စွာရင်မှာကိုယ်ကြေကွဲ.... အိပ်မက်ထဲရင်ခုန်ဆဲ ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများမင်းအိပ်မက်ထဲမနေနဲ့ကွာ ကိုယ့်အတွေး..... တွေမှာလည်း
ကြင်နာသူလေးစိုးမိုးချိန် ဘယ်သူတွေများမင်းနှလုံးသားထဲစိုးမိုးလို့ထားပြီလဲ

အချစ်ဆုံးမင်းအနားရှိခဲ့ရင် ကိုယ်လေရင်ထဲတိုးဝှေ့ငိုချင်နေတယ်
ရင်မှာခိုလှုံခဲ့ဖူးတဲ့သူ့အကြင်နာတွေနဲ့နှစ်သိမ့် တကယ့်ကိုဖြေသာတယ်
နှလုံးသားထဲမှာတစ်စုံတစ်ရာခံစားခဲ့ရတော့.... ၀မ်းနည်းလို့လာတယ်
နာကျင်စွာရင်မှာကိုယ်ကြေကွဲ.... အိပ်မက်ထဲရင်ခုန်ဆဲ ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများမင်းအိပ်မက်ထဲမနေနဲ့ကွာ ကိုယ့်အတွေး..... တွေမှာလည်း
ကြင်နာသူလေးစိုးမိုးချိန် ဘယ်သူတွေများမင်းနှလုံးသားထဲစိုးမိုးလို့ထားပြီလဲ

Saturday, December 15, 2007

ဝေးနေတဲ့ သီချင်း

Vocalist: R ဇာနည်
Song: ဝေးနေတဲ့ သီချင်း

ငါရင်ကွဲတော့ မင်းကတော့ မသိသလို နေခဲ့တော့
မင်းသိပ်ဆိုးနေပြီ … ဒီလိုလေးနဲ့
ဝမ်းနည်းတဲ့နေ့တွေ ဖြတ်သန်းရင်း အသည်းကွဲတက်နေပြီ

ငါ့အချစ်က မင်းအတွက်ပါ မပြောင်းလဲဘူး ယုံကြည်ပါ
ဟူး မင်းကို အချစ်ဆုံး လုံးဝမမေ့နိုင်ခဲ့ ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့ကို ဘယ်သူတားမလဲ
အဆိပ်ခတ်တဲ့ စကားတွေရယ် ကာဆီးလဲ
အချစ်ဟာတည်မြဲဆဲ ငါချစ်နေဆဲ
မင်းလေးနဲ့ ဝေးခဲ့ရင် သေမယ့်ဘ၀ ရေး မင်းယုံကြည်လိုက်

ငါ့အချစ်က မင်းအတွက်ပါ မပြောင်းလဲဘူး ယုံကြည်ပါ
မင်းလေးတစ်ယောက်သာ အချစ်ဆုံး လုံးဝမမေ့နိုင်ခဲ့
ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့အချစ်က မင်းအတွက်ပါ မပြောင်းလဲဘူး မင်းလေးအသိ
အရိုးဆုံးနှလုံးသား အရိုးဆုံးငါ့အချစ်နဲ့
ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေခဲ့မိ

မင်းနဲ့တို့ဘ၀ ဝေးမယ့်စကားများ မင်းမပြောလိုက်ပါနဲ့
ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေခဲ့မိ
အချစ်လေး

Friday, July 20, 2007

အရင်လိုချစ်တုန်းပဲ

Vocalist: R-ဇာနည်
Song: အရင်လိုချစ်တုန်းပဲ

ပြောင်းလဲခြင်းရဲ့ အိပ်မက်များထဲရောက်ရင် မင်းနဲ့ဝေးတဲ့ခရီးများရှေ့ကိုဆက်
ကိုယ်ဟာ အမှောင်ဆုံးလမ်းတွေ တစ်ယောက်တည်း လျှောက်နေရ
ဘယ်လိုကံကြမ္မာအဆိုးနှိပ်စက်
တို့နှစ်ယောက်အဝေးဆုံး ပြေးထွက်ခွဲခွာခဲ့ရ

ကလေးရေ မင်းနဲ့နောက်ထပ်ဆုံချင်ပြီ ဘ၀မှာ ငါအလိုအပ်ဆုံးမင်းရဲ့မေတ္တာတရား
မင်းရဲ့ကရုဏာမျက်ဝန်းလေးတွေ ပြန်မြင်ချင်ပြီ
အရင်လိုချစ်တုန်းပဲ ကလေးရေ

အမြဲတမ်းတမ်းတ နှလုံးသားထဲမှာ မင်းရှိနေ
အလွမ်းစမ်းချောင်းငယ် စီးဆင်းကိုယ့်ရင်ထဲ
အချိန်စက်ဝိုင်းထဲမှာ ဖြတ်သန်းရိုက်ခတ်ဆဲ ဒီမှာပြန်ဆုံဖို့အတွက်
ကိုယ်ကြိုးစားဆဲပဲ မင်းအတွက်ဘ၀နေရင်းချစ်တယ်