မြ၀တီကလာတဲ့ Melody World ဆိုတဲ့ ပြိုင်ပွဲ က ထုတ်တဲ့အခွေပါ။ ပြိုင်ပွဲ ရဲ့ level 3,4,5 တွေကနေ ဆုရတဲ့ လူတွေဆိုထားတာပါ။ သီချင်းရဲ့စာသားတွေတော့ မပါဘူး။ လိုချင်ရင်တော့ comment မှာရေးခဲ့ပေါ့နော်။ အခုတော့နည်းနည်းအချောင်ခိုလိုက်ဦးမယ်။ :P ။
1) Vocalist: ခိုင်ရွှေဝါ
Song: ငယ်ချစ်ပုံပြင်
2) Vocalist: သူရ၀င်း+မိမိုးမိုးဦး
Song: အိပ်မက်အနမ်းများ
3) Vocalist: အိအိမွန်
Song: ပြန်ဆုံမယ့်နေ့ကိုစောင့်ဦးနော်
4) Vocalist: နောင်နောင်
Song: အရင်တုန်းကအတိုင်း
5) Vocalist: ချမ်းချမ်း
Song: သီချင်းလက်ဆောင်
6) Vocalist: ရေဗက္က၀င်း
Song: မပိုင်ဆိုင်တဲ့သီချင်း
7) Vocalist: နန္ဒာ
Song: ဆက်လျှောက်ရမယ့်လမ်းမများ
8) Vocalist: ထက်နေခြည်
Song: နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့
9) Vocalist: မိုးစက်
Song: အပျင်းပြေရည်းစား
10) Vocalist: မချစ်နဲ့တော့
Song: ကိုကိုမောင်
11) Vocalist: ချမ်းချမ်း
Song: ထူးဆန်းတဲ့အချစ်
12) Vocalist: နောင်နောင်+နန္ဒာ
Song: ကျောချင်းကပ်
13) Vocalist: ကိုကိုမောင်
Song: နိုရာ
14) Vocalist: ၀င့်လွင်လွင်သိန်း
Song: တစ်ပွင့်ပန်း
Showing posts with label Melody World. Show all posts
Showing posts with label Melody World. Show all posts
Friday, July 18, 2008
Saturday, March 22, 2008
သီချင်းလက်ဆောင်
Vocalist: ချမ်းချမ်း
Song: သီချင်းလက်ဆောင်
အချိန်တွေရယ် စက္ကန့်တိုင်းရယ်
ရှင်သန်ပြောင်းလဲ မင်းကြောင့်ပါအချစ်ရယ်
ရင်ခုန်သံ သီချင်းလေးများစွာ ရင်မှာမွေးဖွား ဖူးပွင့်လာတယ်
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ်
အချစ်သီချင်းလေးတွေ မင်းအတွက်
သံစဉ်တွေ ပြောင်းလဲသွားလည်း ဘယ်ခါမပြောင်းလဲ
မင်းအကြောင်းပါ အချစ်ရယ်
စကားလုံးများဆန်းသစ်သွားလည်း မြင်ယောင်အတွေးထဲ
အို မင်းတစ်ယောက်တည်း
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
မင်းအနားမှာ ဒီသီချင်းလေး အမြဲတမ်းဆက်ဆိုမယ်
ကိုယ့်အသက်ရှိတဲ့အချိန်တိုင်း
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းများနဲ့ မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
ဒီသီချင်းလေးတွေ မင်းအတွက် အို

မချစ်နဲ့တော့
Vocalist: ကိုကိုမောင်
Song: မချစ်နဲ့တော့
မချစ်နဲ့တော့ ဖြေသိမ့်စရာအဖြေမရှိတော့
မချစ်နဲ့တော့ တိမ်တိုက်လိုထွက်သွားတော့
ဒီထက်ပိုရင်ခုန်ရင် ဒီထက်ပို ကြေကွဲခြင်းနဲ့တို့တွေ့ရလိမ့်မယ်
မဖြစ်သင့်ပြီမို့ မင်းလွတ်လပ်တဲ့ဆီသွားပါ
မချစ်နဲ့တော့ ဖွင့်ပြောရန်အချိန်မဟုတ်တော့
မချစ်နဲ့တော့ ပြတ်သားစွာချန်ရစ်တော့
အနာဂတ်ကိုယုံကြည်ပါ လူတိုင်းဟာကိုယ်ကျိုးစွန့်ဖို့တကယ်ပေးဆပ်ဖို့ခက်
နင်တစ်နေ့နေ့မှာတော့ ငါ့ဆုံးဖြတ်ချက်ကိုနားလည်မယ်
မဆိုင်သူတွေလိုနေမယ် တို့ခြားနားခြင်းသိပ်များတယ်
တို့နီးစပ်ဖို့သိပ်ခက်နေတယ် ဒီအချိန်မှာ ဘ၀ခရီးသစ်ဆက်ကြမယ်
နောင်တစ်ချိန်မှာ ဖြူစင်စွာပြန်တွေ့မယ်
မဆိုင်သူတွေလိုနေမယ် တို့ခြားနားခြင်းသိပ်များတယ်
တို့နီးစပ်ဖို့သိပ်ခက်နေတယ် ဒီအချိန်မှာ ဘ၀ခရီးသစ်ဆက်ကြမယ်
နောင်တစ်ချိန်မှာ ဖြူစင်စွာတွေ့ကြမယ်

မဆိုင်သူတွေလိုနေမယ် နင်ကြင်နာရင်လည်း မချစ်နဲ့

Subscribe to:
Posts (Atom)