Showing posts with label ချောစုခင်. Show all posts
Showing posts with label ချောစုခင်. Show all posts

Wednesday, February 27, 2008

အပြုံးတုရဲ့ အမုန်း

Vocalist: ဂရေဟမ် + ချောစုခင် + တင်ဇာမော် + မီးမီးခဲ
Song: အပြုံးတုရဲ့ အမုန်း

အမုန်းတွေနဲ့လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအားစွဲလမ်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
ရုတ်တရက်ကြီးကို အထီးကျန်ကာ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ ရက်စက်တဲ့အမုန်းတွေလေ

အဝေးကိုပြန်တမ်းတရင် မောနေတဲ့အလွမ်းများ
အသည်းကွဲရင်းနဲ့လုံးဝမမေ့နိုင် ငိုနေတဲ့နှလုံးသား
တို့ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ထားသွား
လွမ်းလည်းမထူးတဲ့ရက်စက်မှုဟာ သေချာနေပြီးသား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
အလူးအလဲပဲ ကိုယ်ခံစားရ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ

တစ်ယောက်တည်း…. လမ်းတွေအလယ်
မျှော်လင့်ခြင်းမဲ့စွာနဲ့ သံယောဇဉ်များလည်း
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
ကိုယ်ကြေကွဲတယ်
ရက်စက်တဲ့ အမုန်းတွေလေ…..

Monday, February 25, 2008

လွမ်းနေဆဲပါမြကျွန်းညို

Vocalist: ချောစုခင်
Song: လွမ်းနေဆဲပါမြကျွန်းညို

အဖော်တွေစုံလင် ပျော်ရွှင်စွာဖြတ်သန်းခဲ့ကျောင်းသားဘ၀တွင်
ဟိုအရင်ထိုစဉ် လိုအင်ဆန္ဒနည်းပါး အလွတ်လပ်ဆုံးပင်
တကယ်မမေ့သေးဘူး ဝေးပြီ တစ်ချိန်က ကျောင်းတက္ကသိုလ်

အချိန်တွေထဲစီးဆင်းပါ ငယ်သူများကြီးပြင်းလာစေ လွမ်းနေဆဲပါ မြကျွန်းညို
ပညာရင်နို့တိုက်ကျွေး အိုပျိုးထောင်လို့ပေး ဒီရင်မှာခိုလှုံချိန်တွေ မေ့မရလို့
မဆုံနိုင်တဲ့အဝေးကနေ မကုန်နိုင်တဲ့ကျေးဇူးတွေကိုလွမ်းနေဆဲပါ မြကျွန်းညို
နာရီတွေနောက်ပြန်လှည့်ပေးရင် ဒီကံ့ကော်မြေထဲပြန်ခိုဝင်နေချိန်စိတ်များတားမရဘူး

တစ်မြေစီ တစ်နယ်စီ တာဝန်ကိုယ်စီဘ၀ရဲ့ခရီးလမ်းများတွင်ပြန်လည်မဆုံပြီ
ဒီနယ်မြေကိုအဝေးကတမ်းတလို့ပင် နှစ်ခါပြန်မရဘူး ဝေးပြီ တစ်ချိန်ကကျောင်းတက္ကသိုလ်