Showing posts with label ၀ိုင်ဝိုင်း. Show all posts
Showing posts with label ၀ိုင်ဝိုင်း. Show all posts

Monday, December 10, 2007

ပြန်လာပါကွယ် စိတ်ပူတယ်

Vocalist: ၀ိုင်ဝိုင်း
Song: ပြန်လာပါကွယ် စိတ်ပူတယ်

ဝိုင်ဝိုင်းရဲ့ ပြန်လာပါကွယ် စိတ်ပူတယ် တဲ့

ဂစ်တာကော့ဒ်တွေကတော့ ရှာရဦးမယ်ဗျ။





နွေညများရယ် ကုန်ခဲလှတယ် ... ပူလောင်အိုက်စပ် တိုက်ခန်းထဲမယ်
ငါလေ ဖယောင်းတိုင်ငယ်လေးထွန်းကာ မျှော်နေဆဲပါကွယ်
ဒီမှာ မနက်စာတွေ မလတ်ဆတ်တယ်
မပြင်ဆင် တွန့်ကြေ အ၀တ်အစားများနဲ့
အဆင်မပြေဘူး မင်းမရှိတော့ ငါ့တစ်ယောက်ထဲနဲ့

လမ်းဖြတ်ကူးလဲ ဘယ်သူ လက်တွဲမလဲ
မသိစိတ်မှာ အမြဲတမ်းကပ်ငြိ မင်းရဲ့အရိပ်တွေနဲ့
ပြန်လာပါကွယ် စိတ်ပူတယ် ... ဆက်ပြီး မရက်စက်ပါနဲ့ ...
ဒီလို အကျည်းတန်ဘ၀ထဲမှာ ငါဟာ အထီးကျန်တစ်ယောက်ထဲပါ
ထပ်ပြီး မနှိပ်စက်ပါနဲ့ ...

လူတွေကြပ်တဲ့ ဘတ်စ်ကားကြီးထဲ အတူတူစီးတာ ပြန်သတိရတယ်
ရန်ကုန်မြို့လယ် ပလက်ဖောင်းဈေးထဲ အတူလည်ဖူးပါတယ်
အတူတူ စားတဲ့ ကင်န်တင်းလေးရယ်
အတူတူ သွားတဲ့ ဘုရားပုထိုးရယ်
မြင်ယောင်ပြီးတော့ လွမ်းဆွတ် အချိန်တိုင်းပဲ

လမ်းဖြတ်ကူးလဲ ဘယ်သူ လက်တွဲမလဲ
မသိစိတ်မှာ အမြဲတမ်းကပ်ငြိ မင်းရဲ့အရိပ်တွေနဲ့
ပြန်လာပါကွယ် စိတ်ပူတယ် ... ဆက်ပြီး မရက်စက်ပါနဲ့ ...
ဒီလို အကျည်းတန်ဘ၀ထဲမှာ ငါဟာ အထီးကျန်တစ်ယောက်ထဲပါ
ထပ်ပြီး မနှိပ်စက်ပါနဲ့ ... တောင်းပန်လိုက်တယ် ...


Saturday, July 28, 2007

Vocalist: Y Wine
Song: အိမ်လွမ်းသူ


ကြေကွဲခြင်းနဲ့ ငိုရှိုက်တဲ့နေ့တွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ ကြယ်ရောင်လင်းလက်တောက်ပဆဲ
အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ သယ်ဆောင်ရာ ခရီးဆက်ဆဲ
အိပ်မပျော်တဲ့ ညများ အတွေးများနဲ့ ငါဟာ အိမ်ကို လွမ်းနေသူ