Vocalist: ဂရေဟမ်
Song: အချစ်ငှက်ငယ်
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ရဲ့နှလုံးသားပေါ်ခိုနားကွယ်
ကြိုကာနေမယ် ရင်ခွင်ငယ်ထဲလှမ်းဝင်ခဲ့….
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ကိုအချစ်နဲ့စီရင်ပေးကွယ်
ဘာမဆိုရင်ထဲကြည်ဖြူစွာနဲ့ မငြင်းဘူးကွယ်
ငါဟာတကယ်ဆိုအချစ်ဆိုသော ဘ၀ကိုဆန်းကြယ်မှုများနဲ့
လွှမ်းခြုံစေသောအရာ မတွေ့ရှိခဲ့ မသိရှိခဲ့တာလား
တကယ်ဆိုငါဟာ ဘ၀ဆိုသော အသက်ရှင်ရုန်းကုန်ရခြင်း အဓိပ္ပာယ်တွေထဲမှာ
မောပန်းခဲ့လို့ အချစ်မသိခဲ့တာလား…..
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ရဲ့နှလုံးသားကို အသက်သွင်းကွယ်
လိုချင်ခဲ့တော့အကြင်နာတွေနဲ့ အဆုံးတိုင်ကွယ်
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ဘ၀ကိုငြိမ်းချမ်းစွာဖြတ်သန်းမယ်
ဒဏ်ရာတွေနဲ့နာကျင်ရင်လည်းမငြင်းဘူးကွယ်
ကြိုကာနေမယ် ရင်ခွင်ငယ်ထဲလှမ်းခဲ့ကွယ်
Showing posts with label ဂရေဟမ်. Show all posts
Showing posts with label ဂရေဟမ်. Show all posts
Friday, February 29, 2008
Wednesday, February 27, 2008
အပြုံးတုရဲ့ အမုန်း
Vocalist: ဂရေဟမ် + ချောစုခင် + တင်ဇာမော် + မီးမီးခဲ
Song: အပြုံးတုရဲ့ အမုန်း
အမုန်းတွေနဲ့လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအားစွဲလမ်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
ရုတ်တရက်ကြီးကို အထီးကျန်ကာ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ ရက်စက်တဲ့အမုန်းတွေလေ
အဝေးကိုပြန်တမ်းတရင် မောနေတဲ့အလွမ်းများ
အသည်းကွဲရင်းနဲ့လုံးဝမမေ့နိုင် ငိုနေတဲ့နှလုံးသား
တို့ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ထားသွား
လွမ်းလည်းမထူးတဲ့ရက်စက်မှုဟာ သေချာနေပြီးသား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
အလူးအလဲပဲ ကိုယ်ခံစားရ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
တစ်ယောက်တည်း…. လမ်းတွေအလယ်
မျှော်လင့်ခြင်းမဲ့စွာနဲ့ သံယောဇဉ်များလည်း
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
ကိုယ်ကြေကွဲတယ်
ရက်စက်တဲ့ အမုန်းတွေလေ…..

Subscribe to:
Posts (Atom)