Showing posts with label အငဲ. Show all posts
Showing posts with label အငဲ. Show all posts

Thursday, December 20, 2007

အမုန်းတွေ ရုပ်သိမ်းပေး

Vocalist: အငဲ
Song: အမုန်းတွေရုပ်သိမ်းပေး
သီချင်းကို နားထောင်ပြီးတော့ စာလိုက်ရိုက်ထားရလို့ အမှားပါရင် ပြောပြာပေးပါ။ အငဲချစ်သူများ အကြိုက်တွေ့မယ်လို့ထင်ပါတယ်။

တို့ ရိုးသားစွာချစ်မိပြီ မင်းမုန်းလိုက်တာ သိပ်လွယ်လွန်း
မင်းရဲ့အရိပ်လို အနားမှာ နေတာ စွဲလမ်းခြင်းပါဟေ့
အချစ်ရဲ့ ဥပဒေတို့ တကယ်ကို နားမလည်သေး
CHO: မင်းအမုန်းတွေ ရုပ်သိမ်းပေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ငါဒီလို အချစ်အကြောင်းကို အဖြူစင်ဆုံးတွေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ဘာကြောင့်လဲ အချစ်ရယ်

တစ်ညလုံးပဲ ငါ့စိတ်ထဲ ပြန်ဆန်းစစ်
အချစ်အိပ်မက်တွေ အလှဆုံး
ဘာအတွက် နှလုံးသားကို အကျဉ်းချထားမလဲ
ရင်ခုန်ခြင်းနဲ့ ထပ်တူ နေကြည့်ပေါ့
အပြစ်မဲ့တဲ့ အချစ်တွေဟာ လက်တစ်ကမ်းမှာပါ

CHO:
ဘယ်လိုလဲ အချစ်လေး . . .
CHO:
ဘယ်လိုလဲ အချစ်လေး . . .
ဘာကြောင့်လဲ အချစ်လေး . . .

Wednesday, July 25, 2007

မန္တလေးညများ တမ်းခြင်း

Vocalist: အငဲ
Song: ၈၅ မန္တလေးညများတမ်းခြင်း

ငါ့အိပ်မက်များ ဟိုးအတိတ်တွေဆီ
လွင့်မျောမိ ဆယ်စုနှစ်…
တို့ရဲ့ မန္တလေးက ကျောင်းတော်
ဘယ်တော့မှ မမေ့နိုင်ခဲ့

ဒီအချိန်ရွှေပြည်အေးရဲ့ ညနေခင်း
စက်ဘီးတွေ အတူစီးရင်း
ပူပင်စရာကင်းတဲ့ ဆည်းဆာလေး
အပေါင်းအသင်းတွေ စုံနေမိ

လွမ်းမိတယ် ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
မိုးလင်းခဲ့ အပေါင်းအဖော်များ ၀ိုင်းဖွဲ့ရင်း

အားလုံးတွေ့ကြခိုက် အချင်းချင်း
သီချင်းများဆိုကြရင်း
ကျောင်းသားဘ၀ရဲ့ ညတွေဟာ
ရွှေမန်းနဲ့ သစ္စာရှေ့
ဂစ်တာသံတွေများနဲ့ စီးဆင်းလို့
လွတ်လပ်စွာ ဆိုငြီးရင်း

ငါတို့ကျောင်းရဲ့ ညတွေတိုင်း
ရောင်းရင်းတွေ ဆိုတဲ့ သီချင်းး

ပြီးဆုံးပြီ ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်


အချိန်များ တစ်ရွေ့ရွေ့စီးဆင်းမြဲလေ
နေ့များစွာ အဝေးဆုံး ဝေးလို့သွား
ဒီညများလည်း မပြီးဆုံးသော
ရင်ခုန်သံပျောက်ဆုံးနေ

အသန့်ရှင်းဆုံး အပျော်ရွှင်ဆုံး
ဒီဘ၀ရဲ့ ညတွေ ကျောင်းတော်မှာ ကျန်ရစ်…

ငါဟာကံတရားရဲ့ စည်းချက်များ
နှလုံးသားအရောင်စွန်းထင်း
အရာရာအရှုံးအမြတ် ဆန်းစစ်ခဲ့
ငါ့ဘ၀ကို သင်ယူရင်း…

ဘ၀အိပ်မက်များက နိုးလာပြီ
ကြည်နူးငါ့ရင်ထဲမော
တမ်းတမိတိုင်းမှာ ငါ့ရင်မှာ
မရိုးနိုင်…..

တမ်းတတယ် ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်
ဟိုးတုန်းက မန္တလေးညရေ
ဟိုးတုန်းက မန္တလေးငါလွမ်းမိ

မန္တလေးကို ငါလွမ်းမိ…
မန္တလေးကို ငါလွမ်းမိ…