Vocalist: စိုင်းထီးဆိုင်
Song: စိုင်းထီးဆိုင်
စိုင်းထီးဆိုင်ရဲ့ နောက်ဆုံး series ပါရမီရှင် ထဲက သီချင်းပါ။ သီချင်းနာမည်ကတော့ မေ့နေတယ်ဗျ။ သိရင် ပြောပေးပါဦး။ ကျေးဇူးပါ။
Showing posts with label စိုင်းထီးဆိုင်. Show all posts
Showing posts with label စိုင်းထီးဆိုင်. Show all posts
Tuesday, February 3, 2009
Sunday, January 6, 2008
နေ့သစ်
Vocalist: စိုင်းထီးဆိုင်
Song: နေ့သစ်
နေ့သစ်ကို နားထောင်ပြီး နေ့သစ်များကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။
အရှေ့ဆီမှာ ရောင်နီလေးသန်းလို့လာပြီ
မိုးလင်းတော့မယ် ထတော့ညီမလေးရယ်
အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ် …
ကိုယ်လက်ကို သန့်ရှင်းထား
စိတ်ဓါတ်ကို စုစည်းထား
ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်းအသစ်တွေပေးလာမယ် …
ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ
စောစောစီးစီး စကားမများကြနဲ့
ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ဝယ် …
လေကောင်းတွေ ရှူရှိုက်ကြ
သဘာဝကို မှီဝဲကြ
ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အားအသစ်တွေ ပေးလာမယ် …
ညအမှောင်ရယ် အိပ်မက်ဆိုးက နိုးလာပြီ
လမ်းဟောင်းဆက်မသွားဖို့ အမှားဟောင်းဆက်မမှားဖို့
ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ …
ရန်ငြိုးတွေ ဖြေဖျောက်စို့
သွေးရင်းလို လက်တွဲစို့
ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာမယ် …

Sunday, July 1, 2007
Subscribe to:
Posts (Atom)