Showing posts with label The Ants. Show all posts
Showing posts with label The Ants. Show all posts

Tuesday, February 5, 2008

အန်ချင်တယ်

Vocalist: The Ants(band)
Song: အန်ချင်တယ်

မင်းရဲ့ အဆိပ်သောက်လို့ ငါဟာ မင်းတွန်းမယ့် ချောက်နက်ထဲဆင်းလို့
မင်းရဲ့ ရှေ့မှောက် ဒူးထောက် ထင်တာ ငါ့ဘ၀က ချစ်သူရဲကောင်း
အဆုံးသတ်မှ ရိပ်မိတဲ့ ဘ၀ ငါဟာ နောက်ကျတဲ့ ငတုံးငအ
ကန်းလွန်းလို့ရတဲ့ ၀ဋ်ဒုက္ခ ဘယ်လိုလဲ စိတ်ပျက်ဖို့ကောင်းတဲ့ အချစ်က
သိပ်ချစ်ခဲ့တော့ လူဖြစ်ရှုံးပြီ




ငါ့ရဲ့ အသည်းကို သော့ခလောက် တစ်ခုလို နင်ခတ်သွား / အမြတ်ထုတ်ရောင်းကာ နင်ထွက်ပြေး
နင်ရယ်ရင် ရယ်သံတွေကို ရွံတယ် ပြန်ပါတော့ကွယ် နင် ကြင်နာတာတွေဟာ ညှီစော်နံတယ် ငါအန်မိမယ် နင်လိမ်တာ ညာနေတာ သေချာတယ် ငါသေတော့မယ် သိပ်မိုက်တဲ့ မှားယွင်းမှုချစ်ခဲ့ခြင်းပဲ ငါသိပ်မှားတယ်


ငပျင်း

Vocalist: The Ants(band)
Song: ငပျင်း

မနက်ခင်းဆိုလည်း လာမနှိုးနဲ့ အိပ်ရာထဖို့ပျင်း ပျင်းလွန်းလို့ မင်းနဲ့ အပျင်းပြေ ရည်းစားထားဖို့ပျင်း မွေးစကလေးထဲက မျိုးနဲ့ရိုးနဲ့ပျင်း စားဖို့ပျင်း အိပ်ဖို့ပျင်း ငါ့မှာ ချစ်ရမှာလဲ ပျင်း ငပျင်း



ခေါက်ထားလိုက် ဆုံးမစကားတွေ နားထောင်ဖို့အတွက် ပျင်း ခေါင်းကိုက်တဲ့ ဒဿနနဲ့ ဘ၀ကို ဖြုန်းတီးပစ်ဖို့ ပျင်း
အလုပ်နဲ့ နဘန်းလုံးကြတဲ့ လောကကြီးကို ပျင်း နေဖို့ သေဖို့ပျင်း ငါ့မှာ ပျင်းရမှာကိုပျင်း
သိရဲ့သားနဲ့ ပြောရခက်တဲ့ ကျွန်တော့်ဘ၀ကြီး ဘာမှမလုပ်ဘဲ ပျင်းရဖို့တော့ စံချိန်မှီ ကြာပါပြီ
ငပျင်း…….. ငပျင်း……….. ငပျင်း……….. ငပျင်း…………….

ဦးဘညွန့်

Vocalist: The Ants(band)
Song: ဦးဘညွန့်

နာရီသံ/ လှောင်ရယ်သံတွေ ဆူညံပြီး နားထဲက ဗုံးဆန်လေး နင်ဖောက်ခွဲ
ခံနိုင်ရည် မရှိ ဘယ်လိုမှ အိပ်စက်လို့ မရတာတွေ နင်လေမသိ
အိမ်ရယ်လို့ မရှိ လမ်းပေါ်မှာ လေလွင်ြ့ပီး သိမ်းစရာ ငွေမရှိ ချစ်သူရယ် မရှိ
ဦးဘညွန့်ရဲ့ ချစ်ဒုက္ခနဲ့ အသဲကွဲဖူးတဲ့ ငါ့အိပ်မက်ရဲ့ အကြောင်းတွေ

Wednesday, December 19, 2007

အမြဲတမ်း

Vocalist: The Ants
Song: အမြဲတမ်း

မနေ့က စုထားတဲ့သီချင်းတွေ ပြန်ဖွင့်ဖြစ်ရင်းနဲ့ ဒီသီချင်းလေး ထွက်လာတာပါ။
ဒီသီချင်းက မှားတဲ့အခါလည်း မှားပေမပေါ့ ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထဲမှာ
The Ants အဖွဲ့က (၂)ပုဒ်ဆိုထားရာမှာ၊ ဒီသီချင်းတစ်ပုဒ်လည်း အပါအ၀င်ပေါ့။
မောင်မောင်ဇော်လတ်ရေးပြီး၊ မောင်မောင်ဇော်လတ်ပဲ ဆိုထားတာပါ။
ဒါပေမယ့် အဆိုနေရာမှာ The Ants လို့ပဲ အမည်တပ်ထားပါတယ်။
တော်တော်လေးကို ကောင်းတဲ့သီချင်းလေးတစ်ပုဒ်ပါ။


အမြဲတမ်း
တကယ်တမ်းသာဆို မချစ်တော့ရင် ထားခဲ့
ဘာကြောင့်ဖြစ်ဖြစ် ခွင့်ပြုတယ် မင်းသဘောနော်
ဖြေရှင်းချက်တို့ မပေးနဲ့
ဘာကြောင့်လုပ်လုပ်
တောင်းပန်စရာမလိုဘူး....

အတူရှိခဲ့တဲ့ နေ့ရက်တွေကတော့
ပြန်စဉ်းစားရင်း အရမ်းလွမ်းစရာပဲပေါ့
ထာဝရရင်မှာ အိပ်မက်တွေ
ဖန်ဆင်းလေသူ မိန်းကလေးရယ် ကျေးဇူးနော်

အမြဲတမ်းအားလုံး ခွင့်ပြုထားတယ်
ပြန်မလာရင်လည်း ငါ့ဘ၀ ငါ့ရဲ့အကြောင်းပဲ
ဘယ်အခါမှ ရက်ရက်စက်စက် အသည်းခွဲရသလဲ
ငါ မမေးဘူးနော်.....
အမြဲတမ်း မင်းက အရေးကြီးဆုံးပဲ
ငါဆိုတာ ထည့်မတွက်ထားနဲ့ တစ်နေ့ကျတော့လည်း
အနည်ထိုင်ကာ ဝေးရင်း တဖြည်းဖြည်း သွေးအေးသွားမယ်
မင်းသဘောနော်....
မင်းသဘောနော် (မင်းသဘောပေါ့)

Saturday, September 15, 2007

မစဉ်းစားခြင်းသီချင်း

Vocalist: The Ants
Song: မစဉ်းစားခြင်းသီချင်း

သိပ်ပြီးဦးနှောက်မခြောက်နဲ့ ဘ၀က ခဏပါ ပျော်သလိုပဲသွား ကြိုတွေးထားလို့မရတဲ့ လောကကြီးမှာ ပူပန်နေဦးမလား ဘယ်လိုချီးမွမ်းကဲ့ရဲ့ကြဦးမလဲ အားလုံးတဒင်္ဂတွေပါ
ဟူး…..ခြေလှမ်းတွေ ပေါ့ပေါ့ပဲထား

လူတိုင်းမွေးဖွားခြင်းရဲ့ အဆုံးသတ်က သေနေပြီးသား ဘယ်သူမှ ဒုက္ခတွင်းထဲ ဆွဲမသွင်းဘူးဟေ့ ငါတစ်ယောက်ထဲသွား အနိုင်အရှုံး လုံးဝဂရုမစိုက်နဲ့တော့ အားလုံး မျက်နှာဖုံးတွေပါ ဟူး……ရင်ထဲမှာ ပေါ့ပေါ့ပဲထား
ပျော်စရာကြုံရင် ငါရယ်လိုက်မယ် ငိုစရာကြုံရင် ငါငိုလိုက်မယ် သေချာရေရာတာတွေ မရှိ
မစဉ်းစားတဲ့သီချင်းများနဲ့ ကကြ မစဉ်းစားတဲ့ သီချင်းများနဲ့ ကကြဟေ့