Tuesday, December 1, 2009
Friday, April 4, 2008
Monday, December 24, 2007
Tuesday, July 31, 2007
ဖြူစင်ချင်တာ
Song: ဖြူစင်ချင်တာ
အဝေးကိုငါကြည့်ကာ အတွေးတွေလွန့်လူးလာ
မတွေးမိချင်ပေမယ့်လေ သတိရနေသလိုပဲ
ငါ့ကိုယ်ငါဆုံးမ စိတ်အလိုကိုလျှော့ပါ
ကွာခြားမှုတွေက များစွာ
ခံစားမှုဆိုတာ ခဏပါ
ဘ၀ဆိုတာကလည်း တကယ်ရှုတ်ထွေးတယ်
အရာရာအပြောင်းအလဲများစွာနဲ့ ဘာတွေဖြစ်မယ်
ကြိုပြောဖို့ဆိုတာ မဖြစ်နိုင်တယ်
တို့ ဒီဘ၀ထဲမှာ အတူပျော်ဖူးတာ
တစ်ချိန်မှာ အမှတ်တရဖြစ်မှာပါ
ယုံကြည်လိုက်ပါ ထာဝစဉ်ဖြူစင်ချင်တာ မင်းကိုချစ်တာ
သံယောဇဉ်တွေရှိတယ် အချစ်ထက်ခိုင်မြဲတယ်
မင်းအနားမှာ ရှိဦးမယ့် ကွက်လပ်တွေကို ဖြည့်ချင်တယ်
ငါ့အမြင်ထဲမှာ မင်းရဲ့ အရိပ်များစွာ
ဝိုးတ၀ါးမြင်နေတုန်းလား ခံစားမှုဆိုတာ ခဏပါ
ဘ၀ဆိုတာကလည်း တကယ်ရှုတ်ထွေးတယ်
အရာရာအပြောင်းအလဲများစွာနဲ့ ဘာတွေဖြစ်မယ်
ကြိုပြောဖို့ဆိုတာ မဖြစ်နိုင်တယ်
တို့ ဒီဘ၀ထဲမှာ အတူပျော်ဖူးတာ
တစ်ချိန်မှာ အမှတ်တရဖြစ်မှာပါ
ယုံကြည်လိုက်ပါ ထာဝစဉ်ဖြူစင်ချင်တာ မင်းကိုချစ်တာ