Showing posts with label မီးမီးခဲ. Show all posts
Showing posts with label မီးမီးခဲ. Show all posts

Tuesday, June 2, 2009

ရေစီးကြောင်း သံယောဇဉ်

Vocalist: ချစ်ကောင်း + မီးမီးခဲ
Song: ရေစီးကြောင်းသံယောဇဉ်

မူရင်းသီချင်းကိုတော့ ရှာလို့မတွေလို့ တွေ့တာပဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း ချစ်ကောင်းဆိုထားတာပဲ နားထောင်ဘူးတယ်ဗျ။

Link fixed!

Wednesday, February 27, 2008

အပြုံးတုရဲ့ အမုန်း

Vocalist: ဂရေဟမ် + ချောစုခင် + တင်ဇာမော် + မီးမီးခဲ
Song: အပြုံးတုရဲ့ အမုန်း


အမုန်းတွေနဲ့လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအားစွဲလမ်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
ရုတ်တရက်ကြီးကို အထီးကျန်ကာ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ ရက်စက်တဲ့အမုန်းတွေလေ

အဝေးကိုပြန်တမ်းတရင် မောနေတဲ့အလွမ်းများ
အသည်းကွဲရင်းနဲ့လုံးဝမမေ့နိုင် ငိုနေတဲ့နှလုံးသား
တို့ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ထားသွား
လွမ်းလည်းမထူးတဲ့ရက်စက်မှုဟာ သေချာနေပြီးသား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
အလူးအလဲပဲ ကိုယ်ခံစားရ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ

တစ်ယောက်တည်း…. လမ်းတွေအလယ်
မျှော်လင့်ခြင်းမဲ့စွာနဲ့ သံယောဇဉ်များလည်း
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
ကိုယ်ကြေကွဲတယ်
ရက်စက်တဲ့ အမုန်းတွေလေ…..