Showing posts with label အေးချမ်းမေ. Show all posts
Showing posts with label အေးချမ်းမေ. Show all posts

Friday, February 22, 2008

ကံကိုပုံမှာစိုးရိမ်လို့

Vocalist: အေးချမ်းမေ

တကယ်ပါ ကံကြမ္မာကြောင့် ဆိုတာကြီးကို ကျွန်တော်က တော့လက်မခံနိုင်ပါဘူး ဒါ့ကြောင့် ကံကိုပုံမှာစိုးရိမ်လို့ ပါ။

Thursday, August 2, 2007

သမုဒယသစ္စာ

Vocalist: အေးချမ်းမေ
Song: သမုဒယသစ္စာ

ကုန်ဆုံးသွားတဲ့ ချစ်စကားများနောက်ဝယ်
ညင်သာတိတ်ဆိတ်စွာ သူအဝေးထွက်ခွာ
အငြိုးကြီးလာတဲ့ ကံအကြောင်းတွေရယ်
အကြင်နာအချစ်ရဲ့ နောက်ဆုံးအချိန်ဝယ်…

ကြွေလွင့်သွားတဲ့ တို့ရဲ့ အလွမ်းမျက်ရည်
ကြည်ဖြူနှလုံးသားမှာ သူသိမ်းကာနေ
သူသိပါစေ အစားထိုးပေးမယ်လေ
တကယ်လို့များ သူ့အလှည့်ရှိရင်လေ…

အချစ်ဆုံး စာနာစမ်းပါဦး
ဒီမှာ ရူးသွပ်မတတ်ပူလောင်တယ်
ဩော် ဘ၀ကံ ဒီသမုဒယ သစ္စာမှာ
ဝဋ်ကြွေးတွေ ဆပ်မပြေ
မလွတ်မရုန်းသာအကြိမ်ကြိမ်အခါခါပဲ…

အိပ်မက်ဟောင်းမှ အရိပ်အယောင်ပေးသူရေ
ယုံကြည်ထားခဲ့တဲ့ ဒီအသည်းဟာကြွေ
မမုန်းရက်နိုင်ပေ အမြဲတစ်သက်တိုင်လေ
ထာဝစဉ်သိမ်းထား အချစ်များကိုလေ…