Showing posts with label Pho Kar. Show all posts
Showing posts with label Pho Kar. Show all posts

Friday, February 29, 2008

ခံစားပေးပါ - ဖိုးကာ

Vocalist: ဖိုးကာ
Song: ခံစားပေးပါ

မင်း ကြင်နာမလား
တံခါးလေးဖွင့် အပြင်ကိုကြည့်ဦး…
အချစ်ရဲ့အလှတရား… အို မင်းမြင်နိုင်မလား
အကြင်နာမနက်ခင်း မင်းအခန်းဆီ ယူဆောင်ခဲ့မယ်
ဝင်လာဖို့ အခွင့်ပေးပါ.

မလွန်ဆန်နိုင်တဲ့
နှလုံးသားက နွေမှာပွင့်သော
ပန်းတစ်ပွင့်ကိုပဲ
မြတ်နိုးတွယ်တာဆဲ

မသေချာသူရဲ့
နောက်ထပ်တစ်ခါရင်ခုန်ခြင်းကို
မျှော်လင့်ရင်း… ငေးကြည့်ဆဲ…

တစ်ကိုယ်ရည်မက်ဆဲ
မင်းအိပ်မက်မှာ ခိုနားမှေးစက်ခွင့်လေး
တစ်နေ့တော့ ပိုင်ဆိုင်ရမလား
အမှောင်မှာကြွေခဲ့ မင်းအချစ်စိတ်များ
ပြန်ပြီး နိုးထမယ့် အခိုက်အတန့်လေးထဲ
ငါစောင့်နေမယ်…

Cho:
ချစ်သူရယ်.. တံခါးဖွင့်ပါ…
နေရာဟောင်းတစ်ခုမှာ ပုန်းကွယ်ဆဲ
အချစ်ကိုခံစားပေးပါ
ဟူး… ရင်ခွင်အသစ်ထဲ ၀င်လာခဲ့