Showing posts with label ထရေစီ. Show all posts
Showing posts with label ထရေစီ. Show all posts

Thursday, July 19, 2007

တစ်ဘ၀လုံး ချစ်မယ့်သူ

Vocalist: ထရေစီ
Song: တစ်ဘ၀လုံးချစ်မယ့်သူ

မချစ်တတ်လို့ မဟုတ်ဘူးကွာ
အချစ်ငှက်လို ရွာလည်ခဲ့တာ
ဒီလောကီသားမို့ ရှောင်လွှဲရန်ခက်လို့
တစ်ခါတစ်လေမှားခဲ့ရ
ယုံကြည်ပြီးတော့ မင်းသာပြန်ချစ်ရင်
ကိုယ့်သစ္စာတစ်သက်လုံး ခိုင်မာစေမှာ

ဦးနှောက်ထဲရှိတဲ့ ပျော်စရာတွေနဲ့မတူ
တကယ်မြတ်နိုးရသူရယ်
လူဆိုတာရာနှုန်းပြည့် အပြစ်မကင်းဘူး
ကိုယ်ဟာအရမ်းမကောင်းဘူး
ဒါပေမယ့်လည်း မင်းသာပြန်ချစ်ရင်
နှလုံးသားနဲ့ အသက်လည်း ကြည်ဖြူပါမယ်

အခိုက်အတန့်မဟုတ်တဲ့ တွယ်တာခြင်းများ
မမှားချင်သူ အချစ်နဲ့မကစားဝံ့သူ
စိတ်အလိုကို မလိုက်ရဲဘူး
တစ်ဘ၀လုံးချစ်မယ့်သူ
တစ်ယောက်ကိုပဲ တစ်သက်လုံး ကြင်နာချင်သူ…