Vocalist: လေးဖြူ
Song: အဖေ
ဗိုလ်ချုပ်သာ ရှိနေဦးမယ်ဆိုရင် သူ့ရဲ့ ၉၄ နှစ်မြောက်မွေးနေ့ကို သူချစ်တဲ့ ပြည်သူအားလုံးနဲ့အတူ ဆင်နွဲနေမှာပဲ။
အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်နဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ
အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို
ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ
အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့
အဖေနင်းဖြတ်ခဲ့တဲ့ အနာဂတ်လောကအကျိုးသယ်ပိုးမယ့်
ကျွန်တော့်ကိုယ်ထဲမှာလည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ်အဖေ
အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
လှိုင်းထန်လေထဲမျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေဆို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သုညဘ၀ကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားကို
ဖြေရှင်းတိုက်ခိုက်ခဲ့ပေးတဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ
အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
Showing posts with label လေးဖြူ. Show all posts

Thursday, February 12, 2009
Tuesday, August 7, 2007
မာယာ
Vocalist: လေးဖြူ
Song: မာယာ
ပြန်ကြစို့ အချစ်လေး ... ဒါတို့ရဲ့ ကံကြမ္မာလမ်းပဲ ... ကိုယ့်အချစ်နဲ့ တည်ဆောက်ခဲ့သော်လည်း ... ဘ၀ဆိုတာ မရေရာ ...
ပြန်ကြစို့ အချစ်လေး ... ဘယ်လောက်ထိ လိုချင်တယ် ကိုယ်မရည်ရွယ်ဘူး ... စိတ်ဓာတ်နဲ့ တည်ဆောက်ခဲ့သော်လည်း ဘ၀ဆိုတာ မသေချာ ...
လား လား လား ... လား လား လား .... အိုး ဟိုး ... မာယာ
တို့တွေရဲ့ စိတ်ကူး ... အကုန်ပျက်စီးပြိုလဲသွား ... တို့ရဲ့အိပ်မက် ... အကုန်ပျက်စီးပြိုလဲသွား ... အကုန်ပျက်စီးပြိုလဲသွား ...
အိုး ဟိုး ... ပြန်ကြစို့ အချစ်လေး ... ဘာဖြစ်ဖြစ် ... ကိုယ်ပေးနိုင်တယ် ... ကိုယ့်အသက်နဲ့ တည်ဆောက်ခဲ့သော်လည်း ... ဘ၀ဆိုတာ မရေရာ ... အိုး ... ဘ၀ဆိုတာ မသေချာ ... အိုး ... ဘ၀ဆိုတာ မာယာ ...

Monday, June 18, 2007
Subscribe to:
Posts (Atom)