Showing posts with label မို့မို့. Show all posts
Showing posts with label မို့မို့. Show all posts

Monday, December 3, 2007

ချစ်သူသို့...

Vocalist: မို့မို့
Song: ချစ်သူသို့

ချစ်သူလေးရယ်
ဝေးနေကြလည်း
နေ့နဲ့ညတွေ မဟောင်းနွမ်းဘူး
ရင်မှာမပြောင်းလဲဘူးအချစ်ရယ်

တွေးနေလားကွယ်
ကိုယ်နဲ့မင်းနဲ့ ဒီအချိန်ကရယ်
တွေ့ဖို့ရက်တွေ နီးနီးလေး
ရင်မှာ အမြဲမှတ်ထားမိတယ်

အချိန်တွေပြောင်းနေ နေရာဟောင်းတွေကိုလေ
အမြဲရှိနေပါတယ်
သူပျော်ရမယ့် နောက်ရက်တွေ မျှော်နေရင်းလေ
ရင်မှာ မင်းသာတစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ ဝေဒနာ
တကယ်ကိုမထားနဲ့ စိတ်ချစွာ ယုံကြည်ထားပါ

Saturday, July 28, 2007

မငိုပါနဲ့

Vocalist: မို့မို့
Song: မငိုပါနဲ့

မငိုပါနဲ့ ကံကိုပဲအပြစ်တင်ပုံချလို့..အချိန်တွေက

ကုစားပေးလိမ့်မယ်…ဒီလိုပဲ အရှုံးဆိုတာ တစ်ခါတစ်ရံကြုံလိမ့်မယ်..

ဒီဘ၀ထဲ..သင်္ခန်းစာပဲပေါ့…ဟန်ဆောင်ခြင်း လှောင်အိမ်က မင်းပြန်လာခဲ့တော့..

ဝေဒနာများ..ချန်ရစ်ခဲ့တော့ကွယ်..ဘယ်သူရဲ့အမှားဆိုတာ ဝေဖန်မနေနဲ့တော့..

ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲပေါ့……

မင်း..ချိုတာကိုခါးပစ်လိုက်ပါကွယ်..မင်း..ဒါဏ်ရာကိုရင်မှာ ကြာကြာမထားနဲ့…

မင်း..မျက်ရည်တွေ နှမြောဖို့ကောင်းပါတယ်…မင်း..နှလုံးသားလေးအသစ်ပြုနေလိုက်တော့..

သူငယ်ချင်း…

အချိန်စက်ဝိုင်း..လည်နေဆဲမရပ်နိုင်ပါဘူးကွယ်..ကြာလာတော့လည်း အကုန်ပြောင်းလဲသွားမယ်

မကုန်နိုင်တဲ့ အလွမ်းတွေကိုရင်နာနေလိုက်ကွယ်..အနာဂါတ်များ..အသစ်ကပြန်စတော့…

မင်း..ချိုတာကိုခါးပစ်လိုက်ပါကွယ်..မင်း..ဒါဏ်ရာကိုရင်မှာ ကြာကြာမထားနဲ့…

မင်း..မျက်ရည်တွေ နှမြောဖို့ကောင်းပါတယ်…မင်း..နှလုံးသားလေးအသစ်ပြုနေလိုက်တော့..ကိုယ့်

သူငယ်ချင်း…

ဟန်ဆောင်ခြင်း လှောင်အိမ်က မင်းပြန်လာခဲ့တော့..

ဝေဒနာများ..ချန်ရစ်ခဲ့တော့ကွယ်..ဘယ်သူရဲ့အမှားဆိုတာ ဝေဖန်မနေနဲ့တော့..

ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲပေါ့……

[မင်း..ချိုတာကိုခါးပစ်လိုက်ပါကွယ်..မင်း..ဒါဏ်ရာကိုရင်မှာ ကြာကြာမထားနဲ့…

မင်း..မျက်ရည်တွေ နှမြောဖို့ကောင်းပါတယ်…မင်း..နှလုံးသားလေးအသစ်ပြုနေလိုက်တော့..

သူငယ်ချင်း…]