Vocalist: ခင်ဝမ်း
Song: နဒီမင်္ဂလာ
V1:
နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ
မကြည်လင်တာတွေ မှောင်ရိပ်ထဲ သိပ်ခဲ့ကွယ်
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်
V2:
ဝေဟင်ပေါ်ပျံသန်းတဲ့ ငှက်ကလေးတွေ
ဘယ်ဆီမှာ ဆင်းသက်တစ်ထောက်ခိုနားမယ်
နဒီမင်္ဂလာ ခြေသွားလမ်း ကမ်းတစ်ဖက်မှာ
လေပြည်အလာ ပန်းရနံ့တို့ သင်းပျံ့နေ
Chorus:
ဟိုတစ်ဖက်ကမ်းက တရားဒေသနာ
အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ
V3:
ရည်ရွယ်ရာ ခရီးလမ်းဆုံးမရောက်သေးမီ
ကြင်နာသူ တွဲလက်ဖြတ် အဖော်မဲ့ပြီ
ယုံကြည်ရာတွေ ပျောက်ဆုံးလို့ ဝေးမသွားခင်
ဒီရင်ခွင်မှာ မင်းအမြဲတိုး စိုးမိုးနေ
Showing posts with label ခင်ဝမ်း. Show all posts
Showing posts with label ခင်ဝမ်း. Show all posts
Wednesday, July 25, 2007
ဆယ်လ်မွန်ငါးတို့ အပြန်
Vocalist: ခင်ဝမ်း
Song: ဆယ်လ်မွန်ငါးတို့ အပြန်
V1:
ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ
မိုးဦးလည်း လှပသာယာစေ
ဘ၀စေရာ တာဝန်
ကျေပြွန်ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ
Chorus:
(မိုးဦးရေဆန်)၂
(ဆယ်လ်မွန်ငါးတို့အပြန်)၂
အပြန်အပြန်အပြန်
ဆယ်လ်မွန်ငါးတို့ အပြန်…..
V2:
ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ
ရာသီလည်း တွက်ချက်မှန်ကန်စေ
စိတ်တူရာ ခိုဝင်
ပြည့်စုံချိန်ပြန်ခဲ့မယ်တို့
ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ
V3:
ချစ်ဖော်လည်း လိုက်ခဲ့ ခေါ်ငင်စေ
ဝဋ်ကြွေးလည်း တုံ့လှည့်ကျေနပ်စေ
ဦးဆောင်ရာစေရာ လိုက်ခဲ့မယ်တဲ့
မောင်မယ်စုံ ဆန်ကာပြန်ခဲ့ပြီ
Song: ဆယ်လ်မွန်ငါးတို့ အပြန်
V1:
ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ
မိုးဦးလည်း လှပသာယာစေ
ဘ၀စေရာ တာဝန်
ကျေပြွန်ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ
Chorus:
(မိုးဦးရေဆန်)၂
(ဆယ်လ်မွန်ငါးတို့အပြန်)၂
အပြန်အပြန်အပြန်
ဆယ်လ်မွန်ငါးတို့ အပြန်…..
V2:
ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ
ရာသီလည်း တွက်ချက်မှန်ကန်စေ
စိတ်တူရာ ခိုဝင်
ပြည့်စုံချိန်ပြန်ခဲ့မယ်တို့
ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ
V3:
ချစ်ဖော်လည်း လိုက်ခဲ့ ခေါ်ငင်စေ
ဝဋ်ကြွေးလည်း တုံ့လှည့်ကျေနပ်စေ
ဦးဆောင်ရာစေရာ လိုက်ခဲ့မယ်တဲ့
မောင်မယ်စုံ ဆန်ကာပြန်ခဲ့ပြီ
ပြည်မှာဆောင်း
Vocalist: ခင်ဝမ်း
Song: ပြည်မှာဆောင်း
V1:
တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ
ရင်ခွင်မှာ တွယ်ငြိလာတဲ့
အတိတ်ဆိုတဲ့ ကမ္ဘာ…
V2:
အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ဘ၀ဆိုတဲ့ကဗျာ…
Chorus:
အနေဝေးရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာဆောင်း…
ပြန်သင့်မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာဆောင်း…
အတွေးသံသရာရဲ့ အလင်းနှင့်အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက်တိုးဝှေ့လာတယ်…
V3:
အဆုံးစွန်အထိသာ တွေ့နိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ စိတ်နောက်ကိုယ်ပါမိတော့
ရင်ခွင်မှာ နာကျည်းနေတဲ့
နောင်တတွေနဲ့လူ…
Song: ပြည်မှာဆောင်း
V1:
တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ
ရင်ခွင်မှာ တွယ်ငြိလာတဲ့
အတိတ်ဆိုတဲ့ ကမ္ဘာ…
V2:
အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ဘ၀ဆိုတဲ့ကဗျာ…
Chorus:
အနေဝေးရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာဆောင်း…
ပြန်သင့်မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာဆောင်း…
အတွေးသံသရာရဲ့ အလင်းနှင့်အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက်တိုးဝှေ့လာတယ်…
V3:
အဆုံးစွန်အထိသာ တွေ့နိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ စိတ်နောက်ကိုယ်ပါမိတော့
ရင်ခွင်မှာ နာကျည်းနေတဲ့
နောင်တတွေနဲ့လူ…
Subscribe to:
Posts (Atom)