Sunday, October 12, 2008

အကြင်နာအကြည့်တွေရဲ့  အကြောင်း

Vocalist: ဇော်ပိုင်
Song: အကြင်နာအကြည့်တွေရဲ့  အကြောင်း

မိန်းကလေးတစ်ယောက်ကို ယောင်္ကျားလေးတစ်ယောက်က ချစ်တယ်ဆိုတဲ့အကြောင်း ဖွင့်မပြောရဲ၊ မသိချင်ယောင်ဆောင်နေတာတွေကို ခံစားရေးသား သီဆိုထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ကိုယ် သိပ်.....ချစ်နေတဲ့ ကောင်မလေးကို ခံစားသီဆို လိုက်ရင် ကောင်မလေးက သနားပြီး ပြန်ချစ်ရလောက်အောင် သီချင်းစာသားနဲ့ တီးလုံးက ကိုက်ညီ သီကုံးရေးသား ဖွဲ့ဆိုထားပါတယ်။


Thursday, September 4, 2008

ဘယ်ပန်းချီရေးလို့မမီ - ရှုမ၀မောင်ဆွေတင့်

Vocalist: ရှုမ၀မောင်ဆွေတင့်
Composer: တက္ကသိုလ်အေးမောင်
Song: ဘယ်ပန်းချီရေးလို့မမီ

ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာတွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ...

အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင်လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ
ညွှန်းဆိုနှော ပြောပြပေသည်...

ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်...

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်...


Tuesday, August 26, 2008

ချစ်တဲ့တောင်ပေါ်သူ

Vocalist: ရိန်မိုး
Song: ချစ်တဲ့တောင်ပေါ်သူ



မြူနှင်းများဝေးတဲ့ အချိန်ရောက်ပြီ
အခုလောက်ဆို ဟိုးအဝေးလမ်းငယ်လေးဆီ
မြတ်နိုးခဲ့ရ အချစ်ဦးရယ်
နွမ်းအတူ အလွမ်းနဲ့စောင့်နေရှာလား..
တစ်လှမ်းချင်းလှမ်းခဲ့ရင်းနဲ့ ဝေးရက်တောင်
ထွက်ခွာလာမပြီးဆုံးသေးတဲ့ဘ၀ရဲ့ခရီးရှည်..
ပြီးဆုံးသွားခဲ့တဲ့ တစ်နေ့နေ့တော့ ရောက်မယ်
တောင်ပေါ်သူစောင့်မျှော်နှင့်လေ..

{ ၀ဿန်မိုးစက်ပွင့်တို့စွေရွာတဲ့အချိန်
အေးရှာနွမ်းတဲ့မျက်ရည်လေးများအလယ်
ချစ်ခဲ့ရသူတစ်ပွင့်ပန်းရယ်
လွမ်းခြုံမေ့ဖို့စောင့်မျှော်(နေ)ရှာလား..
အသက်ထက်ချစ်ခဲ့ရင်းနဲ့ ခွဲရက်တာ
ရောက်မလာနိုင်အားတင်း(ထား) ချစ်သူလေးရယ်
မျှော်ရီကာ စောင့်ရက် တစ်နေ့နေ့တော့ရောက်မယ်
နီနီနီနီငယ် လမ်းငယ်လေးဆီ

ဟိုတုန်းက နွဲပျော်ရွှင်ခဲ့ကြ
မေ့မရပါ တို့နှစ်ယောက်အတူ ပြုံးပျော်ခဲ့တဲ့ည
တေးသီချင်းများသီကာ တောင်ပေါ်ရိုးရာ ဓလေ့အကနဲ့
မမောတမ်းပေါ့ ချစ်တဲ့ချယ်ရီများ..
တို့နှစ်ယောက်ထားခဲ့ကြတဲ့ ကတိအမှတ်တရ
ရင်ထဲရှိမြဲ ထာဝစဉ်မမေ့ခဲ့ဘူးလေ..
မနီးစပ်ခဲ့သေးတဲ့ နှစ်ယောက်ဘ၀တစ်ခုလုံးအတွက်
တောင်ပေါ်ရွာမှာ စောင့်မျှော်နှင့်ကွယ်..} ၂
မျှော်ရီကာ စောင့်ရက် တစ်နေ့နေ့တော့ရောက်မယ်
နီနီနီနီငယ် လမ်းငယ်လေးဆီ…