Thursday, January 31, 2008

အနေချင်ဆုံး

Vocalist: ဟန်ထွန်း + ပိုးရည်
Song: အနေချင်ဆုံး


မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ ပျော်ချင်သေးတယ်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေး စိမ့်ဝင်
ဘ၀ကို ဖြည့်ဆည်း

မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ နေချင်တုန်းပဲ
အို တို့ရဲ့နှလုံးသားလေး
ရင်ထဲက ဆွဲထုတ်လို့
ဒီဘ၀ကို ချန်ခဲ့တယ်

အိုးး မင်းမရှိရင် မပျော်ဘူး
တို့ဘ၀က အဆင်မပြေဘူး
နေလို့မကောင်းဘူး
မင်း အနားပဲ နေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလမ်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလျက်ရှိနေမယ်
တစ်ယောက်ထဲ မနေချင်ဘူး

မင်းလေးသာ ဘ၀သတ်မှတ်လိုက်
အကြင်နာများ စာနာ ဖြည့်စွမ်းတဲ့အခိုက်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေးတွေ
ရင်ကို စီးဝင် နစ်မျောသွား

အတူရှိခဲ့ရင် ပျော်မလား
ဒီဘ၀က အဆင်ပြေသွား
အဝေးကို ပြန်ထွက်မသွားနဲ့

ဒီအတိုင်း အနေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလမ်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလို့ရှိနေမယ် အချစ် မနေခဲ့နဲ့
မင်းအနားပဲ အနေချင်ဆုံးလေး ...
မင်းအနားက အဝေးမသွားနိုင်ပါ ...

Monday, January 28, 2008

မြန်မာပြည်ကို လွမ်းသည်

Vocalist: ရင်ဂို
Song: မြန်မာပြည်ကို လွမ်းသည်


မြန်မာပြည်ကို လွမ်းနေကြတဲ့ ပြည်ပရောက်မြန်မာများအတွက် ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ........................

Wednesday, January 23, 2008

ကျားပေါက် - ဒုတ်ခရောက်ပြီ

Vocalist: ကျားပေါက်
Song: ဒုတ်ခရောက်ပြီ

ဒီသီချင်းက ကျားပေါက်ရဲ့ အိပ်ရာဝင်သီချင်းများ အခွေထဲကပါ.

Saturday, January 12, 2008

Glukoza (Глюкоза)

Vocalist: Glukoza (Глюкоза)



နောက်တပုဒ်အနေနဲ့ အဆိုတော် ဂလူးကို့ဇာ ရဲ့ နှင်းတွေကျနေတယ်….ဆိုတဲ့သီချင်းကို ဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်။



နှင်းတွေကျနေတယ်

တက္ကစီတွေကလည်း ကြောင်ပေါက်ကလေးတွေ ခြေထောက်ကို
လာတိုးဝှေ့ပြီး ငြီးတွားနေကြသလိုပဲ၊
ငါ ကားထဲမှာထိုင်နေရင်းနဲ့ အသံရှည်ဥသြသံတွေကို ကြားနေရတယ်။
ဘယ်လိုပြောရမလဲတော့ မသိဘူး
အတိအကျဖြစ်နိုင်တာကတော့ ငါမင်းကိုချစ်တာပဲ။

နှင်းတွေကလည်းကျနေတယ်
ငါ့ပါးပေါ်ကိုနှင်းတွေလာရိုက်ကြတယ်
အပူရှိန်တွေတက်ပြီး ငါအရမ်းဖျားနေတယ်
အရူးတစ်ယောက်လိုပဲ ထထိုင်ပြီးတော့ မင်းကိုစောင့်နေမိတယ်၊
နှင်းမှုန်းလေးတွေကို ပါးစပ်နဲ့ဖမ်းပြီးစားရတာ အရမ်းကြည်နူးဖို့ကောင်းတယ်
မင်းမရှိတဲ့ ညနေခင်းတွေမှာ ငါ အဲသလို လုပ်ခဲပါတယ်။
နှင်းတွေကတော့ ကျနေတာပဲ

မင်းဆီကိုလာဖို့ လမ်းကိုလည်း ငါသိလား၊မသိဘူးလား
ဖြစ်နိုင်တာကတော့ မသိဘူးဆိုတာပဲ
ဒီလိုပဲ မင်းလာမှာလားဆိုပြီး
မင်းကိုပဲ မြင်ရမလားဆိုပြီး
ပြတင်းပေါက်ဖက်ပဲ ကြည့်နေမိတော့တယ်။


Cнег идёт

Такси ну как котята мурлыкали у ног
А я в мобильном слышу длинный гудок
А что сказать не знаю
Точно может тебя я люблю

А снег идет, а снег идет
По щекам мне бьет, бьет
Болею очень - температура
Стою и жду тебя как дура
Снежинки ртом ловила, очень мило
Клевый вечер, делать неча, там где нет тебя
А снег идет...

И вся к тебе дорога изучена до нет
И я наверное знаю грустный ответ
И все равно смотрела в окна
Может увижу тебя

А снег идет, а снег идет
По щекам мне бьет, бьет
Болею очень - температура
Стою и жду тебя как дура
Снежинки ртом ловила, очень мило
Клевый вечер, делать неча, там где нет тебя
А снег идет...

А снег идет, снег идет
По щекам мне бьет, бьет
Болею очень - температура
Стою и жду тебя как дура
Снежинки ртом ловила, очень мило
Клевый вечер, делать неча, там где нет тебя
А снег идет… а снег идет…

Снежинки ртом ловила, очень мило
Клевый вечер, делать неча, там где нет тебя
А снег идёт!

Thursday, January 10, 2008

ကိုယ့်အနားရှိစေချင်

Vocalist: Rဇာနည်
Song: ကိုယ့်အနားရှိစေချင်



အတူသွား အတူစားကာ ပျော်ပါးခဲ့ဖူးတာ
ပြန်တွေးလိုက်တိုင်း မင်းနားနား ရောက်လာ
သူစိမ်းတွေ ကြားမှာ လှုပ်ရှားရင်းနဲ့သာ
တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်ဆဲပါ

ရေမြေခြား သွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ

ကိုယ် ..... ဟိုး အဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤ မှန်ကန်သော ကိုယ်ရဲ့ သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

ဤ မှန်ကန်သော တိုင်တည်ထားကိုယ့်သစ္စာ ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

အချစ်ဆုံးသာ ကိုယ့်အနား ရှိ စေ ချင်

Lyrics from: http://lyric.pikay.org/

မင်းအတွက်ဆိုရင်

Vocalist: ဇော်ပိုင်
Song: မင်းအတွက်ဆိုရင်



နေတာ အချိန်တွေ ကြာလာလေ တွယ်တာတွေ ပိုလာလေ
ရင်မှာ တစ်ဦးအပေါ် တစ်ဦးမှာလေ
အနီးနားက မင်းလေး မြင်အောင် ဖွင့်ပြောဖို့လေ
နီးစပ်ခဲ့ပါရစေ ခံစားမှုတွေ

နေတာ အချိန်တွေကြာလေ ရင်ခုန်သံမြန်လေ/ ရင်ခုန်ခြင်းများနဲ့
အကြင်နာ အချစ်တွေ ဖြစ်ပေါ်နေ
သိရက်နဲ့ မင်းလေး ဟန်ဆောင် နေဦးမလားလေ
နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်း/သူငယ်ချင်း အချစ်လေး

မကြာခင် ပြန်ဆုံပါရစေ တို့ ဆုတောင်းရင်းလေ
စိတ်ထဲမှာ မှန်းမျှော် ပြန်ပြီးတွေး
ဘယ်သူ အကြင်နာဆုံးလဲ အတိတ်ကို
လှမ်းကြည့်လှည့်/ပြန်လှည့်ကြည့်ပေး
အို ... မြင်နိုင်မယ်ဆို အို ... လှမ်းလို့ လာခဲ့လေ

ပန်ဆင်ဖို့ ပန်းလေးလို ပွင့်လန်းနေ
မပန်ချင်လည်း နှလုံးသားကို ချွေလိုက်လေ
မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက်ဆိုရင်လေ/ မင်းကို တမ်းတနေ

မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက် ဆိုရင်လေ .....

Lyrics from: http://lyric.pikay.org/

ထပ်မဆုံနိုင်တဲ့ဘဝ

Vocalist: L လွန်းဝါ
Song: ထပ်မဆုံနိုင်တဲ့ဘဝ



မင်းအနား နေနိုင်ချိန်လေး ရှိနေခိုက် ဂရုစိုက်မိခဲ့သူ
ဝေးကွာမှ မနေတတ်ခဲ့ပြီ

မင်းမျက်ဝန်း ကြင်နာတွေလည်း ရှိနေခိုက်
နင် ငါ့အပြစ် ခွင့်လွှတ်လည်း အခုအချိန်မင်းအနားမှာ

ပြန်မလာတော့ ငါ လိပ်ပြာ မလုံဘူး
မင်း ထားခဲ့လိုက်ပါ ငါလေ အရမ်းချစ်ခဲ့လည်း
မင်း အနား ပြန်မလာတော့ ငါ လိပ်ပြာ မလုံဘူး
မင်းထားခဲ့လိုက်ပါ ဒါဟာ ငါ့အတွက် တစ်သက်စာ အလွမ်းများ

ဝေးလွင့်ပြီးမှ မင်းရဲ့ အနား မလာတော့ဘူး ခွင့်လွှတ်ခြင်းနဲ့
မင်းက စောင့်နေလည်း သံယောဇဉ်လေးတွေ မဆုံးပေမယ့်
နီးစပ်ဖို့ အခွင့်အတွက် ဒီအချိန်မှာ မင်းအနား

Lyrics from: http://lyric.pikay.org/

မလွမ်းရဲသေးဘူးမောင်ရယ်

Vocalist: Lဆိုင်းဇီ
Song: မလွမ်းရဲသေးဘူးမောင်ရယ်



မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့ အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်
အကြင်နာ ဇာတ်လမ်းလေး အလွမ်းပြောင်းရေးဖို့
သွေးနည်းနည်း အေးအောင် အချိန်ပေးပါဦးကွယ်

ကျန်နေခဲ့မှာ တွေးရုံနဲ့ ဆွေးတတ်ခဲ့
တကယ့်ဘ၀ကို အခု ရင်ဆိုင်ဖို့ ခက်တယ်
ရေပြင်လေးလား ငြိမ်သက်ခဲ့တဲ့ဘဝ
လှုပ်ခတ်လို့ သွားအောင် လာ ပြုစားတယ်
ယူလာတဲ့ အယုအယ စက်ကွင်းလေးထဲက
တိုးထွက်လို့ မရအောင် ဆွဲညှို့လို့ထားတယ်

ကျန်နေခဲ့မှာ တွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့် ဘ၀မှာ တို့တွေ ဘယ်လို စိမ်းရမှာလဲ

မလွမ်းရဲသေးဘူး မောင်ရယ် ခဏနဲ့ မထားခဲ့ပါနဲ့
အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်
တို့ အသည်းလေး နုနုနယ်နယ် ထိခိုက် ကွဲအက် လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ် ထင်ပါရဲ့ သိပ်ချစ်တော့ကွယ် .....

ကိန္နရာ ချောင်းခြား သီချင်းလေး ကြားတိုင်း
ထိန်းချုပ်လို့မရပါ တို့ မျက်ရည်ဝဲတယ်
ဘယ်လို ချစ်သွားလဲ ဘယ်ထိ ချစ်ရမလဲ
ဘာဆက်လုပ်ရမလဲကွယ် မေးခွန်းတွေလည်
ကျန်နေခဲ့မှာ တွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့် ဘ၀မှာ တို့တွေ ဘယ်လို စိမ်းရမှာလဲ
ဝူး ..... အား .....

မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့ အသင့်ဖြစ်အောင် ကြိုးစားရဦးမယ်

Lyrics from: http://lyric.pikay.org/