Vocalist: Babu+Annega
Song:
Friday, January 30, 2009
Thursday, January 29, 2009
လိပ်ပြာဝှတ်တမ်း
Vocalist: ၀ိုင်းစုခိုင်သိမ်း
Song: လိပ်ပြာဝှတ်တမ်း
လိပ်ပြာဝှတ်တမ်း ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းလေးပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ၀ိုင်းစုခိုင်သိမ်း တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဂမ္မီရ ဆန်ဆန်ဇာတ်လမ်း ထဲက သီချင်းဖြစ်ပေမယ့် သီချင်းစာသား တော်တော်လေးကို သဘောကျဖို့ ကောင်းလို့ ဝေမျှလိုက်ပါ၏။

Wednesday, January 28, 2009
နတ်သျှင်နောင်... (ပြည်လှဖေ)
Vocalist: ပြည်လှဖေ
Song: နတ်သျှင်နောင်
(တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…
တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။)၂
သေပေစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ…
သတ္တိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ…
မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာဝေ…
အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။
Chorus:
(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ…) တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ…
ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့…
သြော် ကျေးငှက်ကို စေလိုစေ… ဖြေလည်းငယ် ဖြေပြေပါနိုင်ဘဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ….
လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ…)
ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မင်းလွင်ဦးနှင့်၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်…
ငှက်သွင်ပျံကြွ မတတ်သော…
(ပိတောက်တွေ ရွှေအရည် လူးကြမယ့်အခြေ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေေ၀။
ပန်းမျိုးစုံရာသီစုံကုန်ကူးခဲ့ပေါ့လေ၊ ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ…)၂
ကိုယ်တိုင် လှရာရာ ရွေး… ပန်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ။
ဒီသီချင်းလေးကို ကြိုးစားရှာဖွေပေးတဲ့ မအိမ့်ချမ်းမြေ့ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ....

Monday, January 19, 2009
ဆက်ရန်
Vocalist:ဆုန်သင်းပါရ်
၁။ သီချင်းမရှိတဲ့ ဂစ်တာ
၂။ သံယောဇဉ် မပြတ်ဘူး
၃။ ဆက်ရန်
၎။ ရာဇ၀င်တွင်မယ့် အချစ်
၅။ အချစ်တံခါး မပိတ်ပါနဲ့
၆။ လက်ရှိ
၇။ ခေါင်းတွဲလေး
၈။ အမြဲတမ်း မင်းရှိတယ်
၉။ ကျွန်မ အချစ်ဦး
၁၀။ နှောင်း
၁၁။ ကစားပွဲ
၁၂။ ဆေးရောင်ခြယ်ပါ
၁။ သီချင်းမရှိတဲ့ ဂစ်တာ
၂။ သံယောဇဉ် မပြတ်ဘူး
၃။ ဆက်ရန်
၎။ ရာဇ၀င်တွင်မယ့် အချစ်
၅။ အချစ်တံခါး မပိတ်ပါနဲ့
၆။ လက်ရှိ
၇။ ခေါင်းတွဲလေး
၈။ အမြဲတမ်း မင်းရှိတယ်
၉။ ကျွန်မ အချစ်ဦး
၁၀။ နှောင်း
၁၁။ ကစားပွဲ
၁၂။ ဆေးရောင်ခြယ်ပါ
Saturday, December 6, 2008
သံစဉ်လှိုင်းလေးကို ဘယ်လိုပြုပြင်မွမ်းမံကြမလဲ...
အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
သံစဉ်လှိုင်း ဘလော့ဂ်လေးကို လုပ်ထားတာကတော့ ၂၀၀၇ ခုနှစ်၊ ဇွန်လကတည်းက ဖြစ်ပါတယ်. ကျွန်တော် youtube မှာ အပျင်းပြေ သီချင်းလေးတွေ နားထောင်နေရင်းက ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို တစ်နေရာမှာ စုထားရင် ကောင်းမယ်ဆိုပြီး ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ youtube video လေးတွေကို စုဆောင်းခဲ့ပါတယ်. နောက်ပိုင်းမှာ တစ်ခြားသူတွေကိုပါ ကြည့်လို့ရအောင်ဆိုပြီး Contributors တွေ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်.
အဲဒီ့နောက်မှာတော့ မြန်မာပြည်တွင်းက youtube ကို access လုပ်လို့မရတဲ့သူတွေပါ ကြည့်လို့ရအောင်၊ နားထောင်လို့ရအောင်ဆိုပြီး သီချင်းလေးတွေကို ဒေါင်းလုပ်ချ၊ File Hosting မှာ upload ပြန်လုပ်ပြီး သီချင်းစာသားလေးတွေကိုပါ တတ်နိုင်သလောက် ပါအောင် ထည့်စေခဲ့ပါတယ်.
အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး. ဒါပေမယ့် အတိုင်းအတာတစ်ခုထိတော့ လက်ခံအားပေးမှု ရခဲ့ပါတယ်. နောက်ပိုင်းမှာတော့ မကြီးကြပ်နိုင်တော့တာက တစ်ကြောင်း၊ ပါဝင်ရေးသားနေတဲ့ Contributors များမှာလည်း မအားလပ်ပုံရတာက တစ်ကြောင်းတို့ကြောင့် ဘလော့ဂ်လေးက အရှိန်သိပ်မရတော့သလိုဖြစ်သွားခဲ့ရပါတယ်.
ကျွန်တော် သိချင်တာက ဒီဘလော့ဂ်လေးကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်သင့်သလဲ.
(၁) သီချင်းတွေ ဝေမျှနေတာ ကော်ပီရိုက် ထိနိုင်သလား. တစ်ခြားဆိုက်တွေလည်း ဝေမျှနေကြတာပါပဲ. ဒါပေမယ့် ကျွန်တော်တို့က အဲဒီ့လိုမျိုး အနုပညာရှင်တွေကို မလေးမစားလုပ်သလို ဖြစ်သွားမိမှာကို ထည့်သွင်းစဉ်းစားသင့်သလား. ဒါဆိုရင် ဘယ်လိုပုံစံနဲ့ ဒီဆိုက်လေးကို ဆက် run မလဲ?
(၂) ဘလော့ဂ်အနေနဲ့ပဲ ထားသင့်သလား၊ ဘလော့ဂ်ဆိုရင်လည်း Blogger နဲ့ကောင်းမလား၊ Wordpress နဲ့ ပိုသင့်တော်မလား. Website လေးတစ်ခုအဖြစ်ပြောင်းသင့်သလား.
(၃) ဘာတွေ ဆက်ထည့်သင့်သလဲ. တစ်ပတ်စာ ရွေးချယ်ချက်လေးတွေ တင်ပေးထားသင့်သလား. ဥပမာ. Countdown 20 of this week ဆိုပြီး သီချင်း ၂၀ ရွေးချယ်တင်ပေးထားတာမျိုး..
ဥပမာ ဆွေးနွေးပြတာပါ. ပရိသတ်ရဲ့ အကြံဥာဏ်လေးတွေကို သိပါရစေ...
ပါဝင်ရေးသားကူညီပံ့ပိုးပေးလိုသူများ ရှိခဲ့ရင်လည်း aungyan@gmail.com ကို ဆက်သွယ်ပေးပါ..

Subscribe to:
Posts (Atom)