Tuesday, August 26, 2008

ချစ်တဲ့တောင်ပေါ်သူ

Vocalist: ရိန်မိုး
Song: ချစ်တဲ့တောင်ပေါ်သူ



မြူနှင်းများဝေးတဲ့ အချိန်ရောက်ပြီ
အခုလောက်ဆို ဟိုးအဝေးလမ်းငယ်လေးဆီ
မြတ်နိုးခဲ့ရ အချစ်ဦးရယ်
နွမ်းအတူ အလွမ်းနဲ့စောင့်နေရှာလား..
တစ်လှမ်းချင်းလှမ်းခဲ့ရင်းနဲ့ ဝေးရက်တောင်
ထွက်ခွာလာမပြီးဆုံးသေးတဲ့ဘ၀ရဲ့ခရီးရှည်..
ပြီးဆုံးသွားခဲ့တဲ့ တစ်နေ့နေ့တော့ ရောက်မယ်
တောင်ပေါ်သူစောင့်မျှော်နှင့်လေ..

{ ၀ဿန်မိုးစက်ပွင့်တို့စွေရွာတဲ့အချိန်
အေးရှာနွမ်းတဲ့မျက်ရည်လေးများအလယ်
ချစ်ခဲ့ရသူတစ်ပွင့်ပန်းရယ်
လွမ်းခြုံမေ့ဖို့စောင့်မျှော်(နေ)ရှာလား..
အသက်ထက်ချစ်ခဲ့ရင်းနဲ့ ခွဲရက်တာ
ရောက်မလာနိုင်အားတင်း(ထား) ချစ်သူလေးရယ်
မျှော်ရီကာ စောင့်ရက် တစ်နေ့နေ့တော့ရောက်မယ်
နီနီနီနီငယ် လမ်းငယ်လေးဆီ

ဟိုတုန်းက နွဲပျော်ရွှင်ခဲ့ကြ
မေ့မရပါ တို့နှစ်ယောက်အတူ ပြုံးပျော်ခဲ့တဲ့ည
တေးသီချင်းများသီကာ တောင်ပေါ်ရိုးရာ ဓလေ့အကနဲ့
မမောတမ်းပေါ့ ချစ်တဲ့ချယ်ရီများ..
တို့နှစ်ယောက်ထားခဲ့ကြတဲ့ ကတိအမှတ်တရ
ရင်ထဲရှိမြဲ ထာဝစဉ်မမေ့ခဲ့ဘူးလေ..
မနီးစပ်ခဲ့သေးတဲ့ နှစ်ယောက်ဘ၀တစ်ခုလုံးအတွက်
တောင်ပေါ်ရွာမှာ စောင့်မျှော်နှင့်ကွယ်..} ၂
မျှော်ရီကာ စောင့်ရက် တစ်နေ့နေ့တော့ရောက်မယ်
နီနီနီနီငယ် လမ်းငယ်လေးဆီ…


Saturday, August 16, 2008

မောင်ကျေနပ်မယ်ဆို..

Vocalist: ရှင်နော်
Song: မောင်ကျေနပ်မယ်ဆို



မောင်ရဲ့ အချစ်သံစဉ်များလည်း အခုဆိုပျောက်ဆုံးပြီ
ကြင်နာတတ်လေသူ စိမ်းရက်ခဲ့ပြီလား.. မမျှော်လင့်မိခဲ့
မောင်ကျေနပ်မယ်ဆို. နာကြင်မှုတွေရယ်
ဝေဒနာအလွမ်းလေးများလည်း သိမ်းဆည်းထားပေးပါ့မယ်..
ဒီမှာမျက်ရည်တွေ လှိုင်းတံပိုးများ ပြင်းထန်မြစ်တစ်စင်းဝယ်
ပူလောင်မှုတွေထဲ ထားရက်ခဲ့ပြီလား.. မမျှော်လင့်မိခဲ့
မောင်ကျေနပ်မယ်ဆို အသေသတ်သွားနိုင်တယ်
ဒါပေမဲ့ အချစ်စိတ်တွေ မောင့်အတွက်ရှင်သန်ဦးမယ်..

မောင်ကျေနပ်မယ်ဆို. စိတ်တိုင်းကျလမ်းကိုရွေးချယ်..
မောင်ကျေနပ်မယ်ဆို. အသည်းခွဲပြီးသွားနိုင်တယ်..
မောင်ကျေနပ်မယ်ဆို. မေ့ဘ၀ပေးဆပ်ရဲတယ်..
မောင်ကျေနပ်မယ်ဆို. ပျော်ရွှင်စွာငိုကြွေးပါ့မယ်...

Wednesday, August 13, 2008

ဟဲလေး၏သီချင်းများ

Vocalist: ဟဲလေး + မေစံပယ်ညို
Song: ယုယခွင့်



Vocalist: ဟဲလေး + ဖြူဖြူကျော်သိန်း
Song: မသိလမ်း

Vocalist: ဟဲလေး + ရွှေထိုက်
Song: ခရေပင်လမ်းလေး... သို့

Vocalist: ဟဲလေး + ရတနာမိုင်
Song: လမ်းခွဲဖို့မပြောနဲ့

Vocalist: ဟဲလေး + ဇမ်းနူး
Song: အသည်းကွဲသောနေ့


Vocalist: ဟဲလေး + မမ
Song: ပြန်ခဲ့ပါငါ့ဆီကို

Vocalist: ဟဲလေး
Song: သူဌေးကြိုက်

Vocalist: ဟဲလေး
Song: ကြင်ယာဖက်

Vocalist: ဟဲလေး + D ယံ + အစ္စဏီ
Song: ပတ်သက်ခွင့်ပြုပါ

Tuesday, July 29, 2008

အားနည်းချက်

Vocalist: ကာကာ
Song: အားနည်းချက်



လာပါလို့လည်း တို့မဖိတ်ခေါ်ခဲ့
ပြန်ပါလို့လည်း တို့မနှင်ဘူးနော်
ထင်သလိုသာလုပ် မင်းစိတ်ကြိုက်
တားဆီးခွင့်မရှိ တို့အားနည်းချက်က သိပ်ချစ်နေလို့

လာမယ်ဆိုလည်း မင်းသဘောပါပဲ
ပြန်မယ်ဆိုလည်း နှုတ်ဆက်ရုံပဲ
ထင်သလိုသာလုပ် မင်းစိတ်ကြိုက်
တားဆီးခွင့်မရှိ တို့အားနည်းချက်က သိပ်ချစ်နေလို့

( မင်းရှိတဲ့အချိန် အဆုံးအစမဲ့ပျော်ဖူးခဲ့
မင်းမရှိတဲ့အချိန်ကမ္ဘာကြီးလည်း အဓိပ္ပာယ်မဲ့
ဒဏ်ရာတွေနဲ့မင်းထားခဲ့ ငါကျေနပ်တယ်
တို့အားနည်းချက်က သိပ်ချစ်နေလို့ ) ၂

Friday, July 25, 2008

နှစ်နားညီ

Vocalist: ဟဲလေး + ခင်ဘုဏ်း
Song: နှစ်နားညီ


အရွယ်မလွန်ခင်လေး အမေ့ချွေးမလှလှရွေး
အိမ်သွင်းမှုအသိမ်းအထုပ်နိုင်တဲ့ ကောင်မလေးမျိုးဟေ့
ဗေဒင်တွေမေး ကျွန်တော်ရည်းစားလှလှရွေး
အိမ်ထဲကစီးတဲ့ ရေအတွက် ဆည်တဲ့ကန်သင်းမျိုးလေး
ကျွန်တော့်ရဲ့မဟာဗျူဟာမှာ အချစ်တော့မပါဘူးလေ
ကောင်းချီပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အသည်းကွဲခံတာ ဘာညာမစဉ်းစားတတ်ဘူးဟေ့
အကျိုးဆက်က ဒီမှာ ကျွန်တော်ရှာတွေ့တဲ့ရည်းစားလေး..

အရွယ်မလွန်ခင်လေး အဖေခိုင်းဖို့ သားသမက်ရွေး
တကယ်ထက်ထက်မြက်မြက် ကောင်လေး ငယ်ငယ်တစ်ယောက်လောက်ဟေ့
ဗေဒင်တွေမေး ကျွန်မ အမျိုးသားကောင်းကိုရွေး
စိတ်ကူးရဲ့အိပ်မက်မှာတော့ သူကမင်းသားလေး
ကျွန်မရဲ့ အစီအစဉ်တွေမှာ အချစ်စိတ်မပါဘူးလေ
မချစ်တတ်သေးခင်မှာ လွယ်လွယ်လေးပဲတွေး
အသည်းကွဲခံတာ ဘာညာသိပ်နားမလည်ဘူးလေ
မင်းနဲ့ မတွေ့ခင်မှာ မာနကြီးတဲ့မင်းသမီးလေး..

ဒီလိုနဲ့ပဲ.. ကျွန်တော်ကမ်းမယ့်လက်တွေနဲ့
သူလှမ်းမယ့်လမ်းအတွက်ရည်စူး စံပယ်တွေခင်းဖူးခဲ့
ဒီလိုနဲ့ပဲ.. မောင်ပြောတဲ့စကားတွေနဲ့
ကျွန်မရူးခဲ့ဖူးတဲ့ စိတ်ကူး အရည်ပျော်မူးယစ်ခဲ့
အပြောင်းအလဲမှာ လူဟာသတ္တိတွေနဲ့ပြည့်..
ကောင်းချီးပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အချစ်အတွက်ကျန်တာ ဘာညာမစဉ်းစားချင်ဘူးလေ
ကျွန်မအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး

ဒီလိုနဲ့ပဲ.. စိတ်ကူးနဲ့ လက်တွေ့လွဲ.
အိမ်တွင်းမှုအချက်အပြုတ် ကျွန်တော်ပဲ ပါရမီဖြည့်ဖြစ်ခဲ့.
ဒီလိုနဲ့ပဲ.. အိမ်ကပ်တဲ့ မောင့်ကိုယ်စား.
ကျွန်မစီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့.
အပြောင်းအလဲမှာ လူဟာသတ္တိတွေနဲ့ပြည့်..
ကောင်းချီးပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အချစ်အတွက်ကျန်တာ ဘာညာမစဉ်းစားချင်ဘူးလေ
ကျွန်မအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး
ဒီလိုနဲ့ပဲ.. စိတ်ကူးနဲ့ လက်တွေ့လွဲ.
အိမ်တွင်းမှုအချက်အပြုတ် ကျွန်တော်ပဲ ပါရမီဖြည့်ဖြစ်ခဲ့.
ဒီလိုနဲ့ပဲ.. အိမ်ကပ်တဲ့ မောင့်ကိုယ်စား.
ကျွန်မစီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့.

ဆောရီး အချစ်ရယ်

Vocalist: ဟဲလေး + ပို့ပို့
Song: ဆောရီး အချစ်ရယ်

ဆောရီး အချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့ အသည်းကိုလျော်ကြေးပေးမယ်
သော့ခတ်ပြီးသာ မင်းယူသွားကွယ်


စွဲလမ်းခြင်းနဲ့ ချစ်တယ် လို့ ကိုယ်ပြောခဲ့တယ်
မင်းက မေးခွန်းထုတ်တော့ ကိုယ့်မှာချာချာလည်...
အစကတည်းက အချစ်ကို မခံစားတတ်ခဲ့မှန်း သိခဲ့ရင်
မင်းကို လုံးဝ လုံးဝ ဖွင့်ပြောမှာမဟုတ်ဘူး..
ဆောရီးအချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့အသည်းကို လျော်ကြေးပေးမယ်
သော့ခတ်ပြီးသာမင်းယူသွားကွယ်

မင်းစကားတွေယုံကြည်မိတဲ့ အရှုံးများအတွက် ဘာပြန်ပေးမလဲ
ဖြေရှင်းချက်နားထောင်ချင်သေးတယ်
မင်းပြောခဲ့ပုံပြင်များထဲ မျောခဲ့ရအချိန်များအတွက်
တစ်ခုခုမင်းပေးသင့်ပါတယ်

မသိစိတ်အမှားကြောင့်ပြောခဲ့မိတဲ့ စကားလေးတွေ
မင်းက မေ့လိုက်တော့မှ ကိုယ့်မှာအဖြေပေါ်ခဲ့ပြီ အချစ်ရယ်.
အစကတည်းက အချစ်ကို မခံစားတတ်ခဲ့မှန်း သိခဲ့ရင်
မင်းကို လုံးဝ လုံးဝ ဖွင့်ပြောမှာမဟုတ်ဘူး..
ဆောရီးအချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့အသည်းကို လျော်ကြေးပေးမယ်
သော့ခတ်ပြီးသာမင်းယူသွားကွယ်

မင်းစကားတွေယုံကြည်မိတဲ့ အရှုံးများအတွက် ဘာပြန်ပေးမလဲ
ဖြေရှင်းချက်နားထောင်ချင်သေးတယ်
မင်းပြောခဲ့ပုံပြင်များထဲ မျောခဲ့ရအချိန်များအတွက်
တစ်ခုခုမင်းပေးသင့်ပါတယ်

နောက်ထပ်လည်း မချစ်တော့ဘူး.. ဘယ်သူ့မှလည်း မချစ်တော့ဘူး..
အသည်းမှမရှိပဲ မင်းယူသွားပြီပဲ..

Friday, July 18, 2008

Melody World

မြ၀တီကလာတဲ့ Melody World ဆိုတဲ့ ပြိုင်ပွဲ က ထုတ်တဲ့အခွေပါ။ ပြိုင်ပွဲ ရဲ့ level 3,4,5 တွေကနေ ဆုရတဲ့ လူတွေဆိုထားတာပါ။ သီချင်းရဲ့စာသားတွေတော့ မပါဘူး။ လိုချင်ရင်တော့ comment မှာရေးခဲ့ပေါ့နော်။ အခုတော့နည်းနည်းအချောင်ခိုလိုက်ဦးမယ်။ :P ။



1) Vocalist: ခိုင်ရွှေဝါ
Song: ငယ်ချစ်ပုံပြင်

2) Vocalist: သူရ၀င်း+မိမိုးမိုးဦး
Song: အိပ်မက်အနမ်းများ

3) Vocalist: အိအိမွန်
Song: ပြန်ဆုံမယ့်နေ့ကိုစောင့်ဦးနော်

4) Vocalist: နောင်နောင်
Song: အရင်တုန်းကအတိုင်း

5) Vocalist: ချမ်းချမ်း
Song: သီချင်းလက်ဆောင်

6) Vocalist: ရေဗက္က၀င်း
Song: မပိုင်ဆိုင်တဲ့သီချင်း

7) Vocalist: နန္ဒာ
Song: ဆက်လျှောက်ရမယ့်လမ်းမများ

8) Vocalist: ထက်နေခြည်
Song: နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့

9) Vocalist: မိုးစက်
Song: အပျင်းပြေရည်းစား

10) Vocalist: မချစ်နဲ့တော့
Song: ကိုကိုမောင်

11) Vocalist: ချမ်းချမ်း
Song: ထူးဆန်းတဲ့အချစ်

12) Vocalist: နောင်နောင်+နန္ဒာ
Song: ကျောချင်းကပ်

13) Vocalist: ကိုကိုမောင်
Song: နိုရာ

14) Vocalist: ၀င့်လွင်လွင်သိန်း
Song: တစ်ပွင့်ပန်း