Saturday, December 22, 2007

The Scientist

Vocalist: Cold Play
Song: The Scientist

ကျွန်တော်က Cold Play သီချင်းတွေကို တော်တော်ကြိုက်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတချို့က ကျွန်တော့်ကို ပြောတတ်တယ်။ မင့်သီချင်းတွေက ပျင်းစရာကြီး။ ကျွန်တော်ကတော့ သိပ်ကောင်းတာပဲလို့ ခဏခဏ အပြိုင်ငြင်းရတာ အမောပေါ့။ Cold Play ကို Alter Band တစ်ခု ဖြစ်နေတာကြောင့် ကျွန်တော် ကြိုက်တာပါ။ သူ့တို့ သီချင်းတွေက သိပ်အေးဆေးပြီး စာသားတွေက အရှေ့ကိုရောက်နေတယ်လို့ ခံစားရတယ်။ တော်တော် များများကတော့ Cold Play ဆိုရင် ပျင်းစရာကြီးလို့ ထင်ကြတယ်။ ဒါကလည်း ကျွန်တော့် အမြင်အရ အမေရိကားဘက်က လာတဲ့ သီချင်းတွေ နားထောင်တာများသွားရင် ဖြစ်တတ်တဲ့ သဘောပါပဲ။ အင်္ဂလန် Band တွေက သီချင်းတွေကို အဲလို အေးတိအေးစက် ဆိုတတ်တဲ့ သဘောထင်တာပါပဲ။ သူတို့ဆီက သီချင်းတွေဆိုရင် အဲဒီ့လို ပုံစံတွေ များတာကိုး။ ကဲထားပါတော့ ခု ကျွန်တော် ခင်ဗျားတို့ကို နားထောင် စေချင်တာက Cold Play ရဲ့ The Scientist ပါ။


ခုတလော ကျွန်တော် ပြောပြချင်တာတွေကို သရုပ်ဖေါ်ပေးနေတဲ့ သီချင်းတစ်ပုဒ်လို့ ခံစားရပါတယ်။ ကျွန်တော်လည်နေတဲ့ သံသရာမှာ ဒီပုံစံမျိုးဖြစ်နေလို့များလားတော့ ကျွန်တော်လည်း သေချာ မပြောနိုင်ဘူးပေါ့။ ကျွန်တော့်လို ခင်ဗျားတို့ ခံစားရရင် ဒီသီချင်းလေး နားထောင်ကြည့်ပေါ့။ လူက မျောပြီး လွင့်ထွက်သွားတယ်လို့ ထင်ရလောက်အောင် သီချင်းထဲမှာ ကျွန်တော် စီးမျောသွားမိတယ်။ ကဲ စာသားလေနဲ့ တွဲပြီး နားထောင် ပေါ့ဗျာ။ ဒါမှ ပိုပြီး အရသာရှိတာ

The Scientist (Cold Play)

Come up to meet you, tell you I'm sorry
You don't know how lovely you are
I had to find you, tell you I need ya
And tell you I set you apart
Tell me your secrets, and nurse me your questions
Oh lets go back to the start
Running in circles, coming in tails
Heads on a science apart
Nobody said it was easy
It's such a shame for us to part
Nobody said it was easy
No one ever said it would be this hard
Oh take me back to the start

I was just guessing at numbers and figures
Pulling the puzzles apart
Questions of science, science and progress
Do not speak as loud as my heart
And tell me you love me, come back and haunt me
Oh and I rush to the start
Running in circles, chasing tails
Coming back as we are

Nobody said it was easy
Oh it's such a shame for us to part
Nobody said it was easy
No one ever said it would be so hard
I'm going back to the start

Ooooohhhhhhh [x4]

No comments: