Thursday, December 20, 2007

အမုန်းတွေ ရုပ်သိမ်းပေး

Vocalist: အငဲ
Song: အမုန်းတွေရုပ်သိမ်းပေး
သီချင်းကို နားထောင်ပြီးတော့ စာလိုက်ရိုက်ထားရလို့ အမှားပါရင် ပြောပြာပေးပါ။ အငဲချစ်သူများ အကြိုက်တွေ့မယ်လို့ထင်ပါတယ်။

တို့ ရိုးသားစွာချစ်မိပြီ မင်းမုန်းလိုက်တာ သိပ်လွယ်လွန်း
မင်းရဲ့အရိပ်လို အနားမှာ နေတာ စွဲလမ်းခြင်းပါဟေ့
အချစ်ရဲ့ ဥပဒေတို့ တကယ်ကို နားမလည်သေး
CHO: မင်းအမုန်းတွေ ရုပ်သိမ်းပေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ငါဒီလို အချစ်အကြောင်းကို အဖြူစင်ဆုံးတွေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ဘာကြောင့်လဲ အချစ်ရယ်

တစ်ညလုံးပဲ ငါ့စိတ်ထဲ ပြန်ဆန်းစစ်
အချစ်အိပ်မက်တွေ အလှဆုံး
ဘာအတွက် နှလုံးသားကို အကျဉ်းချထားမလဲ
ရင်ခုန်ခြင်းနဲ့ ထပ်တူ နေကြည့်ပေါ့
အပြစ်မဲ့တဲ့ အချစ်တွေဟာ လက်တစ်ကမ်းမှာပါ

CHO:
ဘယ်လိုလဲ အချစ်လေး . . .
CHO:
ဘယ်လိုလဲ အချစ်လေး . . .
ဘာကြောင့်လဲ အချစ်လေး . . .

No comments: