Monday, December 24, 2007

သီချင်းလက်ဆောင်

Vocalist: ရဲလေး + ရေဗက္က၀င်း
Song: သီချင်းလက်ဆောင်


ညီညာသီဆိုကြ တေးသံစုံကျူးအေးမယ်
ပျော်ရွှင်စရာဒီလိုမွေးနေ့မှာ...
ကိုယ်တော်ရှင်ဘုရား မေတ္တာတော်လွန်စွာကြီးမားလှ
လွန်ခဲ့လှတဲ့ နှစ်ဟောင်းများအတွင်းမှာ

ကမ္ဘာကြီးထဲမှာလည်း ငါပိုင်ဆိုင်တာက တစ်ခုမှမရှိဘူး
ငါ့အိမ်ပေါ်မှာလည်း မက်မောစရာမတွေ့မိပြန်ဘူး
ဒီတော့ဘယ်လိုလုပ်မလဲ စဉ်းစားရင်းတွေးနေမိတယ်
မွေးနေ့လက်ဆောင်အတွက်ငါ့နှလုံးသားက အသင့်ပါပဲ။

cho: မွေးနေ့လက်ဆောင်အတွက် မက်မောဖွယ်ရာ
ရွှေငွေများတို့မပါ ဂုဏ်တော်ကိုသာချီးမွမ်း ထာဝစဉ်သာလန်းဆန်းဖို့ရာ
တုနှိုင်းမရတဲ့ တို့မေတ္တာ ရေထိပန်းလိုအမြဲစိုပြေစေသား .....

မွေးနေ့လက်ဆောင်အတွက် မက်မောဖွယ်ရာ
ရွှေငွေများတို့မပါ ဂုဏ်တော်ကိုသာချီးမွမ်း ထာဝစဉ်သာလန်းဆန်းဖို့ရာ
တုနှိုင်းမရတဲ့ တို့မေတ္တာ သီချင်းလက်ဆောင်ပါးကာဆုမွန်တောင်းကြမယ်

ကိုယ်တော်ရှင်ဘုရား လက်တော်ဝယ်ငြိမ်းချမ်းစွာ
နောင်လာအနာဂတ်ခရီးလမ်းမှာ အလိုတော်ရှေ့ထား
ဘေးရန်တွေရှောင်ဖယ်တိမ်းသွားစို့
ဒို့များဆုတောင်းလာမယ့် ရှေ့တစ်သက်တာ

လက်ဆောင်ပေးဖို့အတွက် စိတ်ကူးထားတာတစ်ခုတော့ရှိတယ်
ရွှေငွေဥစ္စာ နဲ့ သက်မဲ့တွေတော့မဟုတ်ပါဘူး
ပိုင်ဆိုင်သမျှတွေထဲ အကောင်းဆုံးတစ်ခုတော့ပေးခဲ့လိုက်မယ်
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး နှလုံးသား နှလုံးသားတစ်ခုလုံး....

[ cho: ]

လက်ဆောင်ပေးဖို့အတွက် စိတ်ကူးထားတာတစ်ခုတော့ရှိတယ်
ရွှေငွေဥစ္စာ နဲ့ သက်မဲ့တွေတော့မဟုတ်ပါဘူး
ပိုင်ဆိုင်သမျှတွေထဲ အကောင်းဆုံးတစ်ခုတော့ပေးခဲ့လိုက်မယ်
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး နှလုံးသား နှလုံးသားတစ်ခုလုံး....

[ cho: ] 2

No comments: