Monday, December 24, 2007

နှလုံးသားထဲမွေးဖွားရစေမှာ

Vocalist: Lလွန်းဝါ
Song: နှလုံးသားလေးထဲမွေးဖွားရစေမှာ



ဆောင်းနှင်းဖွေးဖွေးလေပြေအနမ်းမှာရှိုက်ကာဖို
ကြယ်ရောင်ပြိုးပျက်ညရဲ့ကမ္ဘာမှာတစ်ယောက်တည်းရယ်
ဟိုဒီပြေးလွှားအတွေးရဲ့ ရေယာဉ်ထဲမျောလွင့်ရင်းနဲ့ စောင့်စားခဲ့တဲ့ ခရစ္စမတ်အလွမ်းတွေပို
သဲ့သဲ့ကြားရကြိုဆိုသီချင်းသံနီးလာစဉ် ရင်ခုန်စည်းချက်စက္ကန့်မြန်လာသလိုပဲလေ
မျှော်လင့်ထားတဲ့ခရစ္စမတ်ရာသီထဲရောက်ရှိခဲ့သလို နှလုံးသားလေးထဲ ခရစ္စမတ်အလွမ်းတွေပို

ဟိုအရင်ဆောင်းတောင်ရနံ့တွေကျန်ကာနေဆဲပဲ ရင်မှာနွေးထွေးဆဲမို့ အခုထိအဖြေရှာဆဲ
မျှော်လင့်ထားတဲ့ ခရစ်တော်အရှင်သခင်ကြွမြန်းလာ လူတွေနှလုံးသားလေးထဲမွေးဖွားဖို့ရန်သာ

စောင့်စားကြတဲ့လူတွေခရစ်တော်ဘုရားရှင်ကို အမှန်တကယ်နှလုံးသားလေးထဲခိုဝင်ဖို့ပဲလား
ပျော်ရွှင်ခြင်းတစ်ခုအတွက်နဲ့ ရာသီပွဲနွှဲဖို့အတွက်လား စဉ်းစားရင်းနဲ့နှလုံးသားမျက်ရည်ပို
သဲ့သဲ့ကြားရကြိုဆိုသီချင်းသံနီးလာစဉ် ရင်ခုန်စည်းချက်စက္ကန့်မြန်လာသလိုပဲလေ
မျှော်လင့်ထားတဲ့ခရစ္စမတ်ရာသီထဲရောက်ရှိခဲ့သလို နှလုံးသားလေးထဲ ခရစ္စမတ်အလွမ်းတွေပို
ပူလောင်လွန်းတဲ့ဘ၀တွေကယ်တင်ရန်အတွက်လေ အရှင်သာနိမ့်ကျခြင်းနဲ့ကြွမြန်းလာသောအချိန်
ခိုလှုံခွင့်လေး သခင့်ကိုဒီအကြိမ်ဆိုပေးမှာ ဒီမှာနှလုံးသားလေးထဲမွေးဖွားရစေမှာ
ဟိုအရင်ဆောင်းတောင်ရနံ့တွေကျန်ကာနေဆဲပဲ ရင်မှာနွေးထွေးဆဲမို့ အခုထိအဖြေရှာဆဲ
မျှော်လင့်ထားတဲ့ ခရစ်တော်အရှင်သခင်ကြွမြန်းလာ လူတွေနှလုံးသားလေးထဲမွေးဖွားဖို့ရန်သာ.....

No comments: