သံစဉ်လှိုင်းဆိုတာ..

သံစဉ်လှိုင်းဘလော့ဂ်လေးထဲက သီချင်းလေးတွေ အများစုက www.youtube.com မှာ နားထောင်ခဲ့မိတဲ့ သီချင်းလေးတွေပါ. ကိုယ်တိုင် နှစ်နှစ်သက်သက် နားထောင်မိခဲ့သလို သီချင်းချစ်သူလေးတွေနဲ့လည်း ဝေမျှခံစားချင်တဲ့ စိတ်ဆန္ဒနဲ့ ဒီဘလော့ဂ်လေးကို စတင်ခဲ့တာဖြစ်ပါတယ်.

နောက်ပိုင်းမှာ စိတ်တူကိုယ်တူ မိတ်ဆွေအပေါင်းအသင်းဘလော့ဂါတစ်ချို့ရဲ့ ပူးပေါင်းပါဝင် ပံ့ပိုးပေးမှုလေးတွေနဲ့အတူ သံစဉ်လှိုင်းဘလော့ဂ်လေးက ပိုမိုအသက်ဝင် နိုးထလာခဲ့ပါတယ်.

ဒီနေရာလေးကို ရောက်လာခဲ့ပြီး တစ်စုံတစ်ခုကို ရသွားခဲ့တယ်ဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်.


လိုအပ်တာလေးတွေကိုလည်း ထောက်ပြပြောဆို ဝေဖန်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ..


ချစ်ခင်လေးစားလျက်


သံစဉ်လှိုင်းအဖွဲ့သားများ...

No comments: