Thursday, December 6, 2007

စောရအိုင်

Vocalist: ရေဗက္က၀င်း
Song: စောရအိုင်


မျိုသိပ်ထားတဲ့အချစ်တွေ တစ်ယောက်တည်းပဲသိတယ်လေ
မင်းအပြုံးအောက်မှာငါရင်မောစွာ နှလုံးသားဟာသိမ်ငယ်နေသလိုပါ
ဘာသာစကားလေးတစ်ခွန်းကို ရင်မှာတိတ်တိတ်ညည်းဆိုရင်း
အိပ်မက်များစွာမက်ရင်းက မင်းကြားအောင်အခါခါဆိုနေတာ
သူသိမလား... တိတ်တဆိတ်အချစ်တွေကို ဖွဲ့နွဲ့မဆိုတတ်ခဲ့
ယုံမှာလား မင်းကနားမလည်လည်း တစ်ဖက်သတ်အချစ်လေးနဲ့
တို့ပြောမယ် နားထောင်... နှောင်ဖွဲ့ဌိုင် စောရအိုင်

ပင်ကို ရိုးသားမှုနဲ့လိမ်လည်ပြောဖို့မတတ်တယ်
သိပ်ချစ်မိတယ် ဒီတစ်ခွန်းပါ မင်းနားလည်စေချင်နေပါတယ်
တစ်ယောက်တည်းပဲပြောမယ် တစ်ယောက်တည်းပဲကြားစေကွယ်
သိပ်ချစ်မိတယ် ဒါကိုနားလည် မင်းကြားအောင်အခါခါဆိုနေမယ်...
သူသိမလား... တိတ်တဆိတ်အချစ်တွေကို ဖွဲ့နွဲ့မဆိုတတ်ခဲ့
ယုံမှာလား မင်းကနားမလည်လည်း တစ်ဖက်သတ်အချစ်လေးနဲ့
တို့ပြောမယ် နားထောင်... နှောင်ဖွဲ့ဌိုင် စောရအိုင်

နှောင်ဖွဲ့ဌိုင် စောရအိုင်
တို့ပြောမယ်... နှောင်ဖွဲ့ဌိုင် စောရအိုင်

No comments: