Thursday, December 6, 2007

ကိုကိုစိတ်ကူးယဉ်

Vocalist: ဘရိတ်ကီ + ရေဗက္က၀င်း
Song: ကိုကိုစိတ်ကူးယဉ်


လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ဟိုတယ်မှာ ကိုကာကိုလာသောက်ဖို့သူခေါ်တယ်
ကားတိုးစီးဖို့ ၀ါသနာသူ့မှာပါမလာဘူး
မွန်းကျပ်လွန်းတဲ့ အမြန်ယာဉ်နှစ်ဆယ်တန်မစီးချင်ဘူး
မာစီးဒီးပေါ်ဝယ် ဇိမ်နဲ့နေမယ် ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား

ကိုကိုစိတ်ကူးအဆီအငေါ်တွေမတည့်နိုင်
ရည်ရွယ်ချက်များအတွေးကမ္ဘာထဲမှာလည်
ထီထိုးတော့လည်း... ကံတရားမကယ်တယ်...
ကျူထရံကာနေ အိမ်မှာအမိုးများမလုံပါတယ်
ကမ္ဘာကျော်စိတ်ကူး ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမိန်မိန်... ဗိုက်ကလေးပိန်ပိန်...
ဇာတာရှင်ရယ်မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

ကျား- [ ဟူး... အကုန်လုံးကူးတဲ့စိတ်ကူး
ကြံကြံဖန်ဖန်လူတိုင်းကတော့ကြွားတယ်
မှန်မှန်ကန်ကန်လုပ်ပြီးပြောဖို့ကြောက်တယ်
ဟန်ဆောင်နေရင် တစ်ချိန်ချိန်အကုန်လုံး
ကျွတ်ကျနိုင်ပါတယ်.. ဦးနှောက်ထဲတော့ရောက်ရောက်မလာတဲ့အမှန်တရားတွေ
အားလုံးယုံပြီးပုံခဲ့မိတဲ့ ကံတရားတွေ ရေသာခိုကာချောင်လိုက်ကြတော့
လွယ်လွယ်ကူကူယောင်လိုက်ကြတော့ ရေရှည်မှာမလွယ်တဲ့အဖြစ်
မင်းတို့ရေရှည်မလွယ်တဲ့အဖြစ်..]

လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ဟိုတယ်မှာ ကိုကာကိုလာသောက်ဖို့သူခေါ်တယ်
ကားတိုးစီးဖို့ ၀ါသနာသူ့မှာပါမလာဘူး
မွန်းကျပ်လွန်းတဲ့ အမြန်ယာဉ်နှစ်ဆယ်တန်မစီးချင်ဘူး
မာစီးဒီးပေါ်ဝယ် ဇိမ်နဲ့နေမယ် ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား

ကိုကိုစိတ်ကူး အဆီအငေါ်တွေမတည့်နိုင်
ရည်ရွယ်ချက်များအတွေးကမ္ဘာထဲမှာလည်
ထီထိုးတော့လည်း... ကံတရားမကယ်တယ်...
ကျူထရံကာနေ အိမ်မှာအမိုးများမလုံပါတယ်
ကမ္ဘာကျော်စိတ်ကူး ပညာတွေမတတ်နိုင်
ဗေဒင်ဆရာများဈေးတွေမြင့်လာပြီ
ကံတရားမှိန်မှိန်... ဗိုက်ကလေးပိန်ပိန်...
ဇာတာရှင်ရယ်မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

လမ်းဘေးနားက အကြော်ဆိုင်ထဲမှာမထိုင်နိုင်ဘူး
ဝမ်းတီး တူးတီးကော်ဖီဆိုင်မှာမသောက်ချင်ဘူး
အထင်သေးစွာရယ် ... သခင်လေးပါကွယ် ...
ရင်ပူလာရင်ဘီယာဆိုင်အနားသွားစို့လား
ဇာတာရှင်ရယ် မလွန်ခင် ရှင်သူဌေးဖြစ်ပါ့မလား

No comments: