Friday, December 21, 2007

100 years

Vocalist: Five For Fighting
Song: 100 Years

ခုတလော အလှော်ခံနေရတယ်။ Mr.ရန်အောင်က ကျွန်တော့်ကို ရေးဖို့ ၃ နေရာ ပေးထားတာ တစ်ခုမှ မရေးဖြစ်ဘူး။ ဒါနဲ့ သူက ကျွန်တော့်ဆီဗုံးမှာ ကျေးဇူးတင်ကြောင်းလေး ပြောပြီး လူကို ကလိသွားလေတော့ ရေးမဟဲ့ဆိုပြီး ကြည့်လိုက်တယ်။ ရေးချင်တာက အများကြီး အဲဒါ အခုတော့ သံစဉ်လှိုင်းမှာပဲ သီချင်းတင်တာ အလွယ်ဆုံးဆိုပြီး တင်လိုက်တယ်။ ဒါပေမယ့် ကျွန်တော့် ထုံးစံအရရော ကိုရန်အောင်ရော ကျေနပ်ရလေအောင် နည်းနည်းတော့ သီချင်းနဲ့ ပတ်သတ်ပြီး ပွားခဲ့ပါ့မယ်ဗျာ။ ခုတင်ပေးတဲ့ သီချင်းက ကျွန်တော် နေ့တိုင်းနီးပါး နားထောင်တဲ့ သီချင်းတစ်ပုဒ်ပေါ့။ Five For Fighting ရဲ့ 100 years တဲ့။ သိပ်ကောင်းတယ် နားထောင်လို့။ နားမထောင်ရသေး သူများ နားထောင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။



ကျွန်တော်က မြန်မာသီချင်း နားထောင်တာ နည်းတယ်။ အင်္ဂလိပ် သီချင်းတွေ နားထောင်တာ များတယ်။ နားလည်လို့တော့ မဟုတ်ဘူး။ အလွယ်တကူ ရှိနေလို့ အနားမှာ။ ခုသီချင်းကိုလည်း နားလည်လှလွန်းလို့ ကြိုက်တာ မဟုတ်ပါဘူး။ Melody က ကောင်းနေတာရယ်။ နောက်က Piano support ကောင်းတာရယ် ကြောင့် နားထောင်ဖြစ်နေတာပါ။ သီချင်းက ရှင်းပါတယ် အသက်အရွယ် အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရေးထားတာပါ။ သူပြောမှပဲ ဘ၀ကို အစိတ်အပိုင်းလေးတွေနဲ့ ခွဲကြည့်မိတယ်။ (ထင်တာတွေ ရမ်းဖြီးနေတာနော် သိပ်တော့ မယုံကြနဲ့ :D)

ကျွန်တော်ကြွေတဲ့ စာသားလေးတွေ ဖြစ်နေတော့ သိပ်ကြိုက်သွားမိတယ် ထင်ပါရဲ့ Chorus လေးတွေကလဲ သိပ်ချစ်ဖို့ကောင်းပါတယ်။ ကျွန်တော်အကြိုက်ဆုံး နေရာတွေကတော့ Bridge တွေကို ကြိုက်ပါတယ်။

Half time goes by
Suddenly you’re wise
Another blink of an eye
67 is gone
The sun is getting high
We're moving on...

ဆိုတာလေးရယ်

15 there's still time for you
22 I feel her too
33 you’re on your way
Every day's a new day...

ဆိုတာလေးရယ်က ကျွန်တော့်ကို သတိပေးနေသလိုပါပဲ။ ကျွန်တော်ကတော့ ၂၂ နှစ်နဲ့ ၃၃ နှစ်ကြား ရောက်နေပြီ ခင်ဗျားတို့ရော ဘယ်နားရောက်နေပြီလဲ။ ဘာရယ် မဟုတ်ပါဘူး ဆင်ခြင်မိတာ ပြောပါတယ်။ ဆရာလုပ်တယ် မထင်နဲ့နော် (ကိုရန်အောင် ကျေနပ်အောင် ရှည်ရှည်ရေးပေးနေတာ :D) ကဲ အောက်မှာတော့ တစ်ပုဒ်လုံးရဲ့ စာသားလေးတွေ ကြည့်ကြပေါ့။ အိပ်ခါနီး နားထောင်ရင် ပိုတောင် ကောင်းသေး မယုံရင် စမ်းကြည့် :D

100 Years (Five For Fighting)

I'm 15 for a moment
Caught in between 10 and 20
And I'm just dreaming
Counting the ways to where you are
I'm 22 for a moment
She feels better than ever
And we're on fire
Making our way back from Mars
15 there's still time for you
Time to buy and time to lose
15, there's never a wish better than this
When you only got 100 years to live
I'm 33 for a moment
Still the man, but you see I'm a they
A kid on the way
A family on my mind
I'm 45 for a moment
The sea is high
And I'm heading into a crisis
Chasing the years of my life
15 there's still time for you
Time to buy, Time to lose yourself
Within a morning star
15 I'm all right with you
15, there's never a wish better than this
When you only got 100 years to live
Half time goes by
Suddenly you’re wise
Another blink of an eye
67 is gone
The sun is getting high
We're moving on...
I'm 99 for a moment
Dying for just another moment
And I'm just dreaming
Counting the ways to where you are
15 there's still time for you
22 I feel her too
33 you’re on your way
Every day's a new day...
15 there's still time for you
Time to buy and time to choose
Hey 15, there's never a wish better than this
When you only got 100 years to live



2 comments:

Yan said...

ဂလိုမှပေါ့ ကိုကြီးဇီးရိုးရယ်...

ဒါမျီုးလေးတွေကြောင့် ခင်နေရတာ.

ဟတ်ဟတ်

ဆက်ပြီးကူညီပါဦးဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Talkii said...

နားကြပ်ကြီးတပ်ပြီး ၀ူးဝူ၀ူး လိုက်လုပ်တာ ဘေးကလူတွေကြည့်မှပဲ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့တယ်။ Thank နောက်ထပ်ဒါမျိုးလေးတွေ လုပ်ပါဦးဗျာ