Friday, February 29, 2008

အချစ်အယူခံ - ခင်မောင်ထူး

Vocalist: ခင်မောင်ထူး
Song: အချစ်အယူခံ

မပြေလည်နိုင်အောင် သူကကြံရွယ်တယ်
ရင်မှာ ချစ်အားလေး ညှိုးငယ်ရပါတယ်
ပြေလည်အောင်ဖြေရှင်းပါမယ်လေ
အယူခံ ဒီစကားလေး ပြောပြတော့မယ်
အကြင်နာဆုံး ကိုယ့်ရဲ့ အချစ်ဆုံးရေ
နေပါဦး မုန်းလိုက်တော့မှာလားလေကွယ်

ကြင်နာတဲ့ သူလေး ရှောင်ပြေးလေတော့
ကိုယ်တစ်ယောက်တည်း ခုတော့ ကြေကွဲပြီ

ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ
အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား
တစ်ယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ်
ကြင်သူရေ ခေါ်သံလေး ကြားရင်
အချစ်ဟောင်းလေးကို ခဏလောက် လှည့်လို့ကြည့်ပါဦး
ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား
နောက်တစ်ယောက်တော့ မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာကြာ မေ့ထားနိုင်သူရယ်
ဒိုင်ယာရီဟောင်းလေး အလွမ်းတွေပြည့်ပြီကွယ်
အနိုင်ယူပါကွယ် တောင်းပန်ပါတယ်
မေရယ် ကိုယ်အရှုံးလေးပေးပေးလိုက်မယ်
ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
အကြင်နာလေးများလည်း ပေးသနားပါဦးကွယ်
ကြေပါတော့ အချစ်ဦး ရန်ငြှိုးတွေရယ်
အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်

No comments: