Friday, February 29, 2008

အချစ်ငှက်ငယ်

Vocalist: ဂရေဟမ်
Song: အချစ်ငှက်ငယ်



လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ရဲ့နှလုံးသားပေါ်ခိုနားကွယ်
ကြိုကာနေမယ် ရင်ခွင်ငယ်ထဲလှမ်းဝင်ခဲ့….
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ကိုအချစ်နဲ့စီရင်ပေးကွယ်
ဘာမဆိုရင်ထဲကြည်ဖြူစွာနဲ့ မငြင်းဘူးကွယ်
ငါဟာတကယ်ဆိုအချစ်ဆိုသော ဘ၀ကိုဆန်းကြယ်မှုများနဲ့
လွှမ်းခြုံစေသောအရာ မတွေ့ရှိခဲ့ မသိရှိခဲ့တာလား
တကယ်ဆိုငါဟာ ဘ၀ဆိုသော အသက်ရှင်ရုန်းကုန်ရခြင်း အဓိပ္ပာယ်တွေထဲမှာ
မောပန်းခဲ့လို့ အချစ်မသိခဲ့တာလား…..
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ငါ့ရဲ့နှလုံးသားကို အသက်သွင်းကွယ်
လိုချင်ခဲ့တော့အကြင်နာတွေနဲ့ အဆုံးတိုင်ကွယ်
လှမ်းခဲ့တော့ အချစ်ငှက်ငယ်ရယ် ဘ၀ကိုငြိမ်းချမ်းစွာဖြတ်သန်းမယ်
ဒဏ်ရာတွေနဲ့နာကျင်ရင်လည်းမငြင်းဘူးကွယ်

ကြိုကာနေမယ် ရင်ခွင်ငယ်ထဲလှမ်းခဲ့ကွယ်

1 comment:

Unknown said...

key လည်းမပါဘူးဗျာ
ရှိရင်တင်ပေးပါအုံး