Monday, February 25, 2008

အချစ်မရှိနေ့ရက်များ

Vocalist: တင်ဇာမော်
Song: အချစ်မရှိနေ့ရက်များ


နှောင်ဖွဲ့ထားတဲ့ကြိုးကလေးတွေ ပြတ်တဲ့အချိန်ရောက်
တားမြစ်ထားလည်း ဆုံးဖြတ်ပြီး မင်းအဝေးကြီးသွားလိုက်တော့
အားလုံးအကောင်းဆုံးမင်းလေးအတွက် ငါကြိုးစားနေတုန်း မုန်းလိုက်
တို့မိန်းမသားဘ၀ ဒါကိုမင်းမှနားမလည်ပဲ
အားလုံးရဲ့အတိုက်အခိုက်တွေ တို့ကတော့သိပ်ကြောက်ခဲ့
မင်းလောက်တို့က မချစ်ခဲ့လို့မဟုတ်ဘူး သိရဲ့လား
အချိန်တွေက ပြောပြသွားမှာပါ မင်းကိုသိပ်ချစ်ခဲ့တဲ့
နာကျင်အသည်းကွဲရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်များကို
နောက်မှသိမယ် တို့ရဲ့အချစ်တွေ အဆုံးအဖြတ်မှားတွေ ဆက်တိုက်လုပ်ကာ
မင်းမုန်းလိုက်တဲ့နေ့
နေရောင်မရှိတဲ့နေ့မှာမင်းအဝေး ကိုယ့်အသည်းတွေဆက်လို့မရတော့
အပိုင်းပိုင်းအစစ ကျိုးပျက်သွားတဲ့နေ့တစ်နေ့ အဆိုးဆုံးအချိန်လား
အရာရာကိုချိုးဖျက်လိုက်တဲ့နေ့
နေရောင်မရှိတဲ့ကိုယ့်နေ့တွေ မင်းအဝေး ကမ္ဘာမြေမှာ အမှောင်တွေသာနေရာယူ
အချစ်မရှိတော့တဲ့နေ့များ တစ်စက္ကန့်လောက်မှ တို့ကမပျော်ဘူး
အချစ်မရှိနေ့ရက်များ


ရင်မှာ နှောင်ဖွဲ့ကြိုးကလေးတွေ ပြတ်တဲ့အချိန်ရောက်
တားမြစ်ထားလည်း ဆုံးဖြတ်ပြီး မင်းအဝေးကြီးသွားလိုက်တော့
အားလုံးအကောင်းဆုံးမင်းလေးအတွက် ကိုယ်ပြောင်းလဲမယ်ပေါ့
အိုး… အခုတော့ တို့မိန်းမသားဘ၀ ဒါကို မင်းနားမလည်ပဲ
ဟေး စွပ်စွဲလိုက် ကိုယ်ဟာမင်းအချစ်နဲ့မထိုက်တန်ခဲ့
မင်းလောက်တို့က မချစ်ခဲ့မိပါဘူးတဲ့လား အူး… မင်းအမှား
အချိန်တွေက ပြောပြသွားမှာပါ မင်းကိုသိပ်ချစ်ခဲ့တဲ့
နာကျင်အသည်းကွဲရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်တွေပေါ့
နောက်မှသိမယ် တို့ရဲ့အချစ်တွေ အဆုံးအဖြတ်မှားတွေ ဆက်တိုက်လုပ်ကာ
မင်းမုန်းလိုက်တဲ့နေ့
နေရောင်မရှိတဲ့နေ့မှာမင်းအဝေး ကိုယ့်အသည်းတွေဆက်လို့မရတော့
အပိုင်းပိုင်းအစစ ကျိုးပျက်သွားတဲ့နေ့တစ်နေ့ အဆိုးဆုံးအချိန်လား
အရာရာကိုချိုးဖျက်လိုက်တဲ့နေ့ နေရောင်မရှိတဲ့ကိုယ့်နေ့တွေ မင်းအဝေး
ကမ္ဘာမြေမှာ အမှောင်တွေသာနေရာယူ အချစ်မရှိတော့တဲ့နေ့များ
တစ်စက္ကန့်လောက်မှ တို့ကမပျော်ဘူး အချစ်မရှိနေ့ရက်များ
အချိန်တွေက ပြောပြသွားမှာပါ မင်းကိုသိပ်ချစ်ခဲ့တဲ့
နာကျင်အသည်းကွဲရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ပေါ့
နောက်မှသိမယ် တို့ရဲ့အချစ်တွေ ထားသွားအချစ်ရေ ထားသွား
အချစ်တွေမရှိတဲ့နေ့မှာ မင်းအဝေး ကိုယ့်အသည်းတွေဆက်လို့မရတော့
အပိုင်းပိုင်းအစစ ကျိုးပျက်သွားတဲ့နေ့တစ်နေ့ အဆိုးဆုံးအချိန်လား
အရာရာကိုချိုးဖျက်လိုက်တဲ့နေ့ နေရောင်မရှိတဲ့ကိုယ့်နေ့တွေ မင်းအဝေး
ကမ္ဘာမြေမှာ အမှောင်တွေသာနေရာယူ အချစ်မရှိတော့တဲ့နေ့များ
တစ်စက္ကန့်လောက်မှ တို့ကမပျော်ဘူး အချစ်မရှိနေ့ရက်များ

တစ်စက္ကန့်လောက်မှ ကိုယ်မပျော်ဘူး ဆွေး
ကမ္ဘာမြေဟာ အလွမ်းများကြောင့်အကျည်းတန်သွား

No comments: