Thursday, January 10, 2008

ကိုယ့်အနားရှိစေချင်

Vocalist: Rဇာနည်
Song: ကိုယ့်အနားရှိစေချင်



အတူသွား အတူစားကာ ပျော်ပါးခဲ့ဖူးတာ
ပြန်တွေးလိုက်တိုင်း မင်းနားနား ရောက်လာ
သူစိမ်းတွေ ကြားမှာ လှုပ်ရှားရင်းနဲ့သာ
တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်ဆဲပါ

ရေမြေခြား သွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ

ကိုယ် ..... ဟိုး အဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤ မှန်ကန်သော ကိုယ်ရဲ့ သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

ဤ မှန်ကန်သော တိုင်တည်ထားကိုယ့်သစ္စာ ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်

အချစ်ဆုံးသာ ကိုယ့်အနား ရှိ စေ ချင်

Lyrics from: http://lyric.pikay.org/

3 comments:

အောင်မျိုးဟန် said...

ဒီသီချင်းလေးက အရမ်းကောင်းတယ်ဗျာ
နိုင်ငံခြား ကအကိုတွေ သူ့ကောင်မလေးကို နားထောင်ခိုင်းသင့်တယ်

Mr.Pooh @ မောင်ပွတ် said...

ဒီသီချင်းလေး လိုက်ရှာနေတာကြာပြီ။ ဒီမှာလာတွေ့လို့ ယူသွားပါတယ်။ ကိုအောင်မျိုးဟန် ပေးတဲ့ အကြံကို အကောင်အထည်ဖေါ်ဖို့လေ။ တင်ပေးတဲ့ ဝင်္ကဘာ ကိုလည်း ကျေးဇူးတင်ပါတယ်။

Unknown said...

အော်အော် ကောင်းလိုက်တာ သီချင်း ဖန်တီးသူ ကော၊ သီဆိုသူကော ဘာ ခရက်ဒစ်မှ မရဘူး ဟားဟား