Thursday, January 10, 2008

မင်းအတွက်ဆိုရင်

Vocalist: ဇော်ပိုင်
Song: မင်းအတွက်ဆိုရင်



နေတာ အချိန်တွေ ကြာလာလေ တွယ်တာတွေ ပိုလာလေ
ရင်မှာ တစ်ဦးအပေါ် တစ်ဦးမှာလေ
အနီးနားက မင်းလေး မြင်အောင် ဖွင့်ပြောဖို့လေ
နီးစပ်ခဲ့ပါရစေ ခံစားမှုတွေ

နေတာ အချိန်တွေကြာလေ ရင်ခုန်သံမြန်လေ/ ရင်ခုန်ခြင်းများနဲ့
အကြင်နာ အချစ်တွေ ဖြစ်ပေါ်နေ
သိရက်နဲ့ မင်းလေး ဟန်ဆောင် နေဦးမလားလေ
နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်း/သူငယ်ချင်း အချစ်လေး

မကြာခင် ပြန်ဆုံပါရစေ တို့ ဆုတောင်းရင်းလေ
စိတ်ထဲမှာ မှန်းမျှော် ပြန်ပြီးတွေး
ဘယ်သူ အကြင်နာဆုံးလဲ အတိတ်ကို
လှမ်းကြည့်လှည့်/ပြန်လှည့်ကြည့်ပေး
အို ... မြင်နိုင်မယ်ဆို အို ... လှမ်းလို့ လာခဲ့လေ

ပန်ဆင်ဖို့ ပန်းလေးလို ပွင့်လန်းနေ
မပန်ချင်လည်း နှလုံးသားကို ချွေလိုက်လေ
မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက်ဆိုရင်လေ/ မင်းကို တမ်းတနေ

မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက် ဆိုရင်လေ .....

Lyrics from: http://lyric.pikay.org/

No comments: