Thursday, January 10, 2008

မလွမ်းရဲသေးဘူးမောင်ရယ်

Vocalist: Lဆိုင်းဇီ
Song: မလွမ်းရဲသေးဘူးမောင်ရယ်



မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့ အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်
အကြင်နာ ဇာတ်လမ်းလေး အလွမ်းပြောင်းရေးဖို့
သွေးနည်းနည်း အေးအောင် အချိန်ပေးပါဦးကွယ်

ကျန်နေခဲ့မှာ တွေးရုံနဲ့ ဆွေးတတ်ခဲ့
တကယ့်ဘ၀ကို အခု ရင်ဆိုင်ဖို့ ခက်တယ်
ရေပြင်လေးလား ငြိမ်သက်ခဲ့တဲ့ဘဝ
လှုပ်ခတ်လို့ သွားအောင် လာ ပြုစားတယ်
ယူလာတဲ့ အယုအယ စက်ကွင်းလေးထဲက
တိုးထွက်လို့ မရအောင် ဆွဲညှို့လို့ထားတယ်

ကျန်နေခဲ့မှာ တွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့် ဘ၀မှာ တို့တွေ ဘယ်လို စိမ်းရမှာလဲ

မလွမ်းရဲသေးဘူး မောင်ရယ် ခဏနဲ့ မထားခဲ့ပါနဲ့
အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်
တို့ အသည်းလေး နုနုနယ်နယ် ထိခိုက် ကွဲအက် လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ် ထင်ပါရဲ့ သိပ်ချစ်တော့ကွယ် .....

ကိန္နရာ ချောင်းခြား သီချင်းလေး ကြားတိုင်း
ထိန်းချုပ်လို့မရပါ တို့ မျက်ရည်ဝဲတယ်
ဘယ်လို ချစ်သွားလဲ ဘယ်ထိ ချစ်ရမလဲ
ဘာဆက်လုပ်ရမလဲကွယ် မေးခွန်းတွေလည်
ကျန်နေခဲ့မှာ တွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့် ဘ၀မှာ တို့တွေ ဘယ်လို စိမ်းရမှာလဲ
ဝူး ..... အား .....

မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့ အသင့်ဖြစ်အောင် ကြိုးစားရဦးမယ်

Lyrics from: http://lyric.pikay.org/

No comments: