Sunday, January 6, 2008

နေ့သစ်

Vocalist: စိုင်းထီးဆိုင်
Song: နေ့သစ်

နေ့သစ်ကို နားထောင်ပြီး နေ့သစ်များကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။



အရှေ့ဆီမှာ ရောင်နီလေးသန်းလို့လာပြီ
မိုးလင်းတော့မယ် ထတော့ညီမလေးရယ်
အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ် …

ကိုယ်လက်ကို သန့်ရှင်းထား
စိတ်ဓါတ်ကို စုစည်းထား
ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်းအသစ်တွေပေးလာမယ် …

ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ
စောစောစီးစီး စကားမများကြနဲ့
ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ဝယ် …

လေကောင်းတွေ ရှူရှိုက်ကြ
သဘာဝကို မှီဝဲကြ
ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အားအသစ်တွေ ပေးလာမယ် …

ညအမှောင်ရယ် အိပ်မက်ဆိုးက နိုးလာပြီ
လမ်းဟောင်းဆက်မသွားဖို့ အမှားဟောင်းဆက်မမှားဖို့
ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ …

ရန်ငြိုးတွေ ဖြေဖျောက်စို့
သွေးရင်းလို လက်တွဲစို့
ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာမယ် …


1 comment:

Unknown said...

နှစ်သက်ပါတယ်အစီစဉ်အားကိုထာဝရအားပေးသွားပါလို့ ပြောချင်ပါတယ်