Sunday, March 2, 2008

မင်းနဲ့အဝေးမှာ


မင်းနဲ့အဝေးမှာ


ကြင်နာခြင်းများ ထားခဲ့လို့ ..... ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေသာယာလွန်းတာ
အချိန်ရှိတိုင်း အမြဲမင်းလေး အတွက်...ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့ နံဘေးမှာ...ရင်ခုန်ချင်မိတဲ့ အဖြစ်တွေများစွာ

ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှစ်လုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ

( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့)

မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်ဆုံးကို ကိုယ်ရောက်ချိန်
မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ်.......ခံနိင်ရေစွမ်းမရှိလို့ မင်းရဲ့အချစ်ကို မျှော်လင့်မိလို့
တစ်နေ့နေ့မှာ မင်းအနားရောက်လာခဲ့မှာ

ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှလုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့အဝေးဆုံးကို ထွက်သွားပါရစေ

( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့ )

5 comments:

Yan said...

ဒီသီချင်းလေးကို မျက်လုံးလေးမှိတ်ပြီး နားထောင်ကြည့်ရတာ တကယ့်ကို ဖီးလ်ပဲ. ကျေးဇူးတင်တယ် ကိုဆိုးသွမ်းရေ....

ဆိုးသွမ်း said...

ကျေးဇူး....အစ်ကို။

Anonymous said...

သီချင်းလေးကြိုက်လို့ ယူသွားပါတယ်။

Anonymous said...

သီချင်းလေးကြိုက်လို့ ယူသွားပါတယ်။

Anonymous said...

what is the singer?
i can't read all comments.
what front do they use?