Saturday, March 22, 2008

သီချင်းလက်ဆောင်

Vocalist: ချမ်းချမ်း
Song: သီချင်းလက်ဆောင်


အချိန်တွေရယ် စက္ကန့်တိုင်းရယ်
ရှင်သန်ပြောင်းလဲ မင်းကြောင့်ပါအချစ်ရယ်
ရင်ခုန်သံ သီချင်းလေးများစွာ ရင်မှာမွေးဖွား ဖူးပွင့်လာတယ်

ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ်
အချစ်သီချင်းလေးတွေ မင်းအတွက်

သံစဉ်တွေ ပြောင်းလဲသွားလည်း ဘယ်ခါမပြောင်းလဲ
မင်းအကြောင်းပါ အချစ်ရယ်
စကားလုံးများဆန်းသစ်သွားလည်း မြင်ယောင်အတွေးထဲ
အို မင်းတစ်ယောက်တည်း

ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
မင်းအနားမှာ ဒီသီချင်းလေး အမြဲတမ်းဆက်ဆိုမယ်
ကိုယ့်အသက်ရှိတဲ့အချိန်တိုင်း

ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းများနဲ့ မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
ဒီသီချင်းလေးတွေ မင်းအတွက် အို

No comments: