Wednesday, July 25, 2007

သူငယ်ချင်းတွေ

Vocalist: ဆောင်းဦးလှိုင် + ချမ်းပြည့်
Song: သူငယ်ချင်းတွေ

အလွယ်တကူု ပြန်ဆုံနိုင်ဖို့ရာ တို့တွေကမ္ဘာဟာ တကယ်ခြားနား

တခါတလေ ခဏတော့ မင်းသတိရမိမှာပါ

သူငယ်ချင်းတွေ ဘယ်မှာလဲ ငါကတမ်းတရုံ


အဲဒီ့ထက်ပို ငိုနေလို့လဲ မထူးနိုင်တဲ့အခါ

စာသင်နေကြတယ် ကျောင်းကိုပြန်မြင်ယောင်ခဲ့တော့

ဒီရင်ထဲ အလွမ်းနဲ့ဝမ်းနည်းမိပြန်တယ်

အဲဒီ့အချိန်အတိတ်တုန်းက အရောင်မခြယ် ဖြူတဲ့စိတ်ဓာတ်တွေ

အခုတော့လေ အရာရာအားလုံးပြောင်းလဲနေ

တနေ့ပြန်တွေ့တော့ တွေ့မှာပါ လောကကြီးရဲ့ တစ်ထောင့်တစ်နေရာ

တာဝန်ကိုယ်စီ ကျေပွန်စေဖို့ ထမ်းရွက်ကြတဲ့ အချိန်များမှာ

ကိုယ့်ကိုကျိုးလည်း ရှိပါစေကွာ သူများတွေအတွက်လည်း ငဲ့ညှာပါ

ယုံကြည်ပါတယ် သူငယ်ချင်းတို့ စိတ်ဓာတ်တွေ မွန်မြတ်မှာ

ငါတို့ အိမ်မက်လေးတွေ အကုန်တော့လည်း ဘယ်လာဖြစ်နိုင်ပါ့မလဲလေ

အရှုံးမပေးလိုက်နဲ့ ကမ္ဘာမြေရဲ့ ဇာတ်ခုံတွေပေါ်

သတ္တိမွေးလို့ ရှေ့ဆက်လှမ်းဦးနော်



No comments: