Friday, July 20, 2007

အရင်လိုချစ်တုန်းပဲ

Vocalist: R-ဇာနည်
Song: အရင်လိုချစ်တုန်းပဲ

ပြောင်းလဲခြင်းရဲ့ အိပ်မက်များထဲရောက်ရင် မင်းနဲ့ဝေးတဲ့ခရီးများရှေ့ကိုဆက်
ကိုယ်ဟာ အမှောင်ဆုံးလမ်းတွေ တစ်ယောက်တည်း လျှောက်နေရ
ဘယ်လိုကံကြမ္မာအဆိုးနှိပ်စက်
တို့နှစ်ယောက်အဝေးဆုံး ပြေးထွက်ခွဲခွာခဲ့ရ

ကလေးရေ မင်းနဲ့နောက်ထပ်ဆုံချင်ပြီ ဘ၀မှာ ငါအလိုအပ်ဆုံးမင်းရဲ့မေတ္တာတရား
မင်းရဲ့ကရုဏာမျက်ဝန်းလေးတွေ ပြန်မြင်ချင်ပြီ
အရင်လိုချစ်တုန်းပဲ ကလေးရေ

အမြဲတမ်းတမ်းတ နှလုံးသားထဲမှာ မင်းရှိနေ
အလွမ်းစမ်းချောင်းငယ် စီးဆင်းကိုယ့်ရင်ထဲ
အချိန်စက်ဝိုင်းထဲမှာ ဖြတ်သန်းရိုက်ခတ်ဆဲ ဒီမှာပြန်ဆုံဖို့အတွက်
ကိုယ်ကြိုးစားဆဲပဲ မင်းအတွက်ဘ၀နေရင်းချစ်တယ်

ကလေးရေ မင်းနဲ့နောက်ထပ်ဆုံချင်ပြီ ဘ၀မှာ ငါအလိုအပ်ဆုံးမင်းရဲ့မေတ္တာတရား
မင်းရဲ့ကရုဏာမျက်ဝန်းလေးတွေ ပြန်မြင်ချင်ပြီ
အရင်လိုချစ်တုန်းပဲ ကလေးရေ

ကလေးရေ မင်းနဲ့နောက်ထပ်ဆုံချင်ပြီ ဘ၀မှာ ငါအလိုအပ်ဆုံးမင်းရဲ့မေတ္တာတရား
မင်းရဲ့ကရုဏာမျက်ဝန်းလေးတွေ ပြန်မြင်ချင်ပြီ
အရင်လိုချစ်တုန်းပဲ ကလေးရေ

1 comment:

hnin said...

ကွန်နက်ရှင်ကောင်းရဲ့နဲ့ အစပဲ ရတယ်။ နောက်ပိုင်း နားထောင်လို့မရဘူး။ သီချင်းတစ်ပုဒ်လုံးကို လက်နဲ့ရေးထားတယ်နော်။ သီချင်းကောင်းလေးတွေအများကြီးရှိတယ်လေ။ မာရဇ္ဇ မႀကိဳက္ဘူးလား။ သူ့သီချင်းတွေ အကုန်ကောင်းတယ်။