Wednesday, July 25, 2007

တကယ့်အဖြစ်အပျက်

Vocalist: ကေအက်ဖ်အေ
Song: တကယ့်အဖြစ်အပျက်

တယ်လီဖုန်းလေးလည်း ဘေးချမထားပါနဲ့
ဘာမှမပြောဘဲနဲ့ တစ်ခြားသူတစ်ယောက်ရဲ့အသံပဲ
ကြားတိုင်း ငါဝမ်းနည်းမျက်ရည်လည်

အချိန်မှန် ဖုန်းဆက်လို့ စကားတွေ ပြောချင်တယ်
ရင်ခုန်ခြင်းများနဲ့ ရက်တွေယိုင်လဲလို့တုန်ရီ
အေးစက် ကိုယ်လေဖုန်းလေး ဆက်နေမယ်

တယ်လီဖုန်းလေးလည်း ညစဉ်ညတိုင်းဆက်
သူငယ်ချင်းများနဲ့ နေ့စဉ်မင်းရှိလည်း
ဖွင့်ပြောလို့ပြောမယ် ရင်မှာချစ်တဲ့အကြောင်းတွေက
ဒါတွေကို မင်းလေးသိအောင် ဖုန်းလေးဆက်လို့ ပြောချင်တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ စကားလုံးများက နားဆီထဲ
ငါရင်မှာ ကျတဲ့ မျက်ရည် ဘယ်သူမှ မသိအောင် သိမ်းကာဝှက်
ငါသိမ်းကာဝှက် ဒါတွေ သိမ်းကာဝှက်

အချိန်မှန် ဖုန်းတွေဆက် စကားတွေ ပြောချင်တယ်
ဒါတွေမင်းမသိလည်း ရင်ခုန်နှုန်းတွေက
နောင်အခါမင်းက ငါ့ကို ဖုန်းမဆက်နဲ့လို့ မပြောပါနဲ့
ငါ့မှာ မင်းအသံလေးများ မကြားလိုက်ရရင် အဓိပ္ပါယ်မဲ့
တစ်ခါတစ်လေ အိပ်မက်များနဲ့ ချည်ထုပ်ထားတဲ့ ညတွေထဲ
ငါလေ မစဉ်းစားဘဲနဲ့ ခေါင်းထဲရောက်တဲ့ အကြောင်းတွေက
မင်းအကြောင်းတွေက
မင်းအကြောင်းတွေပဲ

တယ်လီဖုန်းလေးထဲ စကားတွေပြောချင်တယ်
ဘာမှမပြောဘဲနဲ့ အချစ်ကို စာဖွဲ့လို့နေမယ်
မင်းလည်း ဒီဖုန်းလေး နားထောင်ကွယ်
အချိန်မှန်ဖုန်းဆက်လို့ ငါ့ကို မတင်းပါနဲ့
ရင်ခုန်ခြင်းများနဲ့ အလွမ်းတွေ ယိုင်လဲလို့ ပျော်ဝင်
အေးခဲ ငါဝမ်းနည်းမျက်ရည်လည်

ဘာတွေပြောနေလဲ သူကစိတ်လေသတဲ့
ငါလေတောင်းပန်တယ် ဖုန်းပြန်မချပါနဲ့
နာကျင်စွာ မင်းကငါ့ကို မုန်းသွားလည်းပဲ သွားပါကွယ်
ဒါတွေဟာ ငါ့ရဲ့ အချစ်ကြောင့်ဖြစ်ခဲ့ရတဲ့ အမှားတွေပဲ
ဘယ်လိုမှ နီးစပ်ဖို့တော့ မဖြစ်နိုင်တော့တဲ့ ဘ၀တွေထဲ
တစ်ချိန်မှာ မင်းကြောင့်ငါ့မှာ ရူးသွားလည်းပဲ သွားပစေကွယ်
သွားပစေကွယ် ရူးသွားပစေကွယ်

ရည်ရွယ်သူရှိနေသတဲ့ ချစ်သူရှိသတဲ့
သူငယ်ချင်းတွေက ၀ိုင်းလို့ ပြောနေတယ်
လူလည်မှာ မင်းကြောင့်ငါ့မှာ ရခဲ့ရတဲ့ အလွမ်းတွေပဲ
ဒါတွေကို မင်းလေးသိအောင် ဖုန်းလေးဆက်လို့ပြောချင်တယ်

နောင်အခါမင်းက ငါ့ကိုဖုန်းမဆက်နဲ့လို့ မတားပါနဲ့
ငါ့ရင်မှာ မင်းအသံလေးများ မကြားလိုက်ရရင် အဓိပ္ပါယ်မဲ့
အဓိပ္ပါယ်မဲ့ ငါလေ အဓိပ္ပါယ်မဲ့

တယ်လီဖုန်းလေးလည်း နောက်ကိုမဆက်ပါနဲ့
နင်လေ စကားပြောလို့ ငါ့ကို အိမ်က အရမ်းဆူတယ်
နင့်ကြောင့် ငါ ဒေါသထွက်နေတယ်
တယ်လီဖုန်းလေးနဲ့ နောက်ဆိုမဆက်ပါနဲ့
အချိန်မှန်ဖုန်းဆက်လို့
ငါ့ကို အမေက အရမ်းဆူတယ်
နင့်ကြောင့် ဖြေရှင်းရခက်နေတယ်

No comments: