Friday, July 25, 2008

နှစ်နားညီ

Vocalist: ဟဲလေး + ခင်ဘုဏ်း
Song: နှစ်နားညီ


အရွယ်မလွန်ခင်လေး အမေ့ချွေးမလှလှရွေး
အိမ်သွင်းမှုအသိမ်းအထုပ်နိုင်တဲ့ ကောင်မလေးမျိုးဟေ့
ဗေဒင်တွေမေး ကျွန်တော်ရည်းစားလှလှရွေး
အိမ်ထဲကစီးတဲ့ ရေအတွက် ဆည်တဲ့ကန်သင်းမျိုးလေး
ကျွန်တော့်ရဲ့မဟာဗျူဟာမှာ အချစ်တော့မပါဘူးလေ
ကောင်းချီပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အသည်းကွဲခံတာ ဘာညာမစဉ်းစားတတ်ဘူးဟေ့
အကျိုးဆက်က ဒီမှာ ကျွန်တော်ရှာတွေ့တဲ့ရည်းစားလေး..

အရွယ်မလွန်ခင်လေး အဖေခိုင်းဖို့ သားသမက်ရွေး
တကယ်ထက်ထက်မြက်မြက် ကောင်လေး ငယ်ငယ်တစ်ယောက်လောက်ဟေ့
ဗေဒင်တွေမေး ကျွန်မ အမျိုးသားကောင်းကိုရွေး
စိတ်ကူးရဲ့အိပ်မက်မှာတော့ သူကမင်းသားလေး
ကျွန်မရဲ့ အစီအစဉ်တွေမှာ အချစ်စိတ်မပါဘူးလေ
မချစ်တတ်သေးခင်မှာ လွယ်လွယ်လေးပဲတွေး
အသည်းကွဲခံတာ ဘာညာသိပ်နားမလည်ဘူးလေ
မင်းနဲ့ မတွေ့ခင်မှာ မာနကြီးတဲ့မင်းသမီးလေး..

ဒီလိုနဲ့ပဲ.. ကျွန်တော်ကမ်းမယ့်လက်တွေနဲ့
သူလှမ်းမယ့်လမ်းအတွက်ရည်စူး စံပယ်တွေခင်းဖူးခဲ့
ဒီလိုနဲ့ပဲ.. မောင်ပြောတဲ့စကားတွေနဲ့
ကျွန်မရူးခဲ့ဖူးတဲ့ စိတ်ကူး အရည်ပျော်မူးယစ်ခဲ့
အပြောင်းအလဲမှာ လူဟာသတ္တိတွေနဲ့ပြည့်..
ကောင်းချီးပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အချစ်အတွက်ကျန်တာ ဘာညာမစဉ်းစားချင်ဘူးလေ
ကျွန်မအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး

ဒီလိုနဲ့ပဲ.. စိတ်ကူးနဲ့ လက်တွေ့လွဲ.
အိမ်တွင်းမှုအချက်အပြုတ် ကျွန်တော်ပဲ ပါရမီဖြည့်ဖြစ်ခဲ့.
ဒီလိုနဲ့ပဲ.. အိမ်ကပ်တဲ့ မောင့်ကိုယ်စား.
ကျွန်မစီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့.
အပြောင်းအလဲမှာ လူဟာသတ္တိတွေနဲ့ပြည့်..
ကောင်းချီးပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အချစ်အတွက်ကျန်တာ ဘာညာမစဉ်းစားချင်ဘူးလေ
ကျွန်မအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး
ဒီလိုနဲ့ပဲ.. စိတ်ကူးနဲ့ လက်တွေ့လွဲ.
အိမ်တွင်းမှုအချက်အပြုတ် ကျွန်တော်ပဲ ပါရမီဖြည့်ဖြစ်ခဲ့.
ဒီလိုနဲ့ပဲ.. အိမ်ကပ်တဲ့ မောင့်ကိုယ်စား.
ကျွန်မစီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့.

No comments: