Friday, July 25, 2008

ဆောရီး အချစ်ရယ်

Vocalist: ဟဲလေး + ပို့ပို့
Song: ဆောရီး အချစ်ရယ်

ဆောရီး အချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့ အသည်းကိုလျော်ကြေးပေးမယ်
သော့ခတ်ပြီးသာ မင်းယူသွားကွယ်


စွဲလမ်းခြင်းနဲ့ ချစ်တယ် လို့ ကိုယ်ပြောခဲ့တယ်
မင်းက မေးခွန်းထုတ်တော့ ကိုယ့်မှာချာချာလည်...
အစကတည်းက အချစ်ကို မခံစားတတ်ခဲ့မှန်း သိခဲ့ရင်
မင်းကို လုံးဝ လုံးဝ ဖွင့်ပြောမှာမဟုတ်ဘူး..
ဆောရီးအချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့အသည်းကို လျော်ကြေးပေးမယ်
သော့ခတ်ပြီးသာမင်းယူသွားကွယ်

မင်းစကားတွေယုံကြည်မိတဲ့ အရှုံးများအတွက် ဘာပြန်ပေးမလဲ
ဖြေရှင်းချက်နားထောင်ချင်သေးတယ်
မင်းပြောခဲ့ပုံပြင်များထဲ မျောခဲ့ရအချိန်များအတွက်
တစ်ခုခုမင်းပေးသင့်ပါတယ်

မသိစိတ်အမှားကြောင့်ပြောခဲ့မိတဲ့ စကားလေးတွေ
မင်းက မေ့လိုက်တော့မှ ကိုယ့်မှာအဖြေပေါ်ခဲ့ပြီ အချစ်ရယ်.
အစကတည်းက အချစ်ကို မခံစားတတ်ခဲ့မှန်း သိခဲ့ရင်
မင်းကို လုံးဝ လုံးဝ ဖွင့်ပြောမှာမဟုတ်ဘူး..
ဆောရီးအချစ်ရယ်..
မှားသွားမှန်းလည်း ကိုယ်သိတယ် မင်းနဲ့ချစ်နေတုန်းပဲ
အဲဒီအတွက်ကွယ် ကိုယ့်ရဲ့အသည်းကို လျော်ကြေးပေးမယ်
သော့ခတ်ပြီးသာမင်းယူသွားကွယ်

မင်းစကားတွေယုံကြည်မိတဲ့ အရှုံးများအတွက် ဘာပြန်ပေးမလဲ
ဖြေရှင်းချက်နားထောင်ချင်သေးတယ်
မင်းပြောခဲ့ပုံပြင်များထဲ မျောခဲ့ရအချိန်များအတွက်
တစ်ခုခုမင်းပေးသင့်ပါတယ်

နောက်ထပ်လည်း မချစ်တော့ဘူး.. ဘယ်သူ့မှလည်း မချစ်တော့ဘူး..
အသည်းမှမရှိပဲ မင်းယူသွားပြီပဲ..

No comments: