Wednesday, March 26, 2008
Monday, March 24, 2008
Sunday, March 23, 2008
Saturday, March 22, 2008
သီချင်းလက်ဆောင်
Vocalist: ချမ်းချမ်း
Song: သီချင်းလက်ဆောင်
အချိန်တွေရယ် စက္ကန့်တိုင်းရယ်
ရှင်သန်ပြောင်းလဲ မင်းကြောင့်ပါအချစ်ရယ်
ရင်ခုန်သံ သီချင်းလေးများစွာ ရင်မှာမွေးဖွား ဖူးပွင့်လာတယ်
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ်
အချစ်သီချင်းလေးတွေ မင်းအတွက်
သံစဉ်တွေ ပြောင်းလဲသွားလည်း ဘယ်ခါမပြောင်းလဲ
မင်းအကြောင်းပါ အချစ်ရယ်
စကားလုံးများဆန်းသစ်သွားလည်း မြင်ယောင်အတွေးထဲ
အို မင်းတစ်ယောက်တည်း
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
မင်းအနားမှာ ဒီသီချင်းလေး အမြဲတမ်းဆက်ဆိုမယ်
ကိုယ့်အသက်ရှိတဲ့အချိန်တိုင်း
ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်
အကြင်နာချစ်ခြင်းများနဲ့ မင်းကိုရည်ညွှန်းတယ်
ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားခဲ့
အချစ်သီချင်းလေးတွေ မင်းအတွက်
ဒီသီချင်းလေးတွေ မင်းအတွက် အို

မချစ်နဲ့တော့
Vocalist: ကိုကိုမောင်
Song: မချစ်နဲ့တော့
မချစ်နဲ့တော့ ဖြေသိမ့်စရာအဖြေမရှိတော့
မချစ်နဲ့တော့ တိမ်တိုက်လိုထွက်သွားတော့
ဒီထက်ပိုရင်ခုန်ရင် ဒီထက်ပို ကြေကွဲခြင်းနဲ့တို့တွေ့ရလိမ့်မယ်
မဖြစ်သင့်ပြီမို့ မင်းလွတ်လပ်တဲ့ဆီသွားပါ
မချစ်နဲ့တော့ ဖွင့်ပြောရန်အချိန်မဟုတ်တော့
မချစ်နဲ့တော့ ပြတ်သားစွာချန်ရစ်တော့
အနာဂတ်ကိုယုံကြည်ပါ လူတိုင်းဟာကိုယ်ကျိုးစွန့်ဖို့တကယ်ပေးဆပ်ဖို့ခက်
နင်တစ်နေ့နေ့မှာတော့ ငါ့ဆုံးဖြတ်ချက်ကိုနားလည်မယ်
မဆိုင်သူတွေလိုနေမယ် တို့ခြားနားခြင်းသိပ်များတယ်
တို့နီးစပ်ဖို့သိပ်ခက်နေတယ် ဒီအချိန်မှာ ဘ၀ခရီးသစ်ဆက်ကြမယ်
နောင်တစ်ချိန်မှာ ဖြူစင်စွာပြန်တွေ့မယ်
မဆိုင်သူတွေလိုနေမယ် တို့ခြားနားခြင်းသိပ်များတယ်
တို့နီးစပ်ဖို့သိပ်ခက်နေတယ် ဒီအချိန်မှာ ဘ၀ခရီးသစ်ဆက်ကြမယ်
နောင်တစ်ချိန်မှာ ဖြူစင်စွာတွေ့ကြမယ်

မဆိုင်သူတွေလိုနေမယ် နင်ကြင်နာရင်လည်း မချစ်နဲ့

Wednesday, March 19, 2008
အကြောင်းပြချက်မရှိ
Vocalist: အကြောင်းပြချက်မရှိ
Song: အကြောင်းပြချက်မရှိ
သေချာနားထောင်ကြည့်မှ ကျွန်တော်လဲကြိုက်သွားတာဗျို့ ။ သေချာနားထောင်စေချင်တယ်
Song: အကြောင်းပြချက်မရှိ
သေချာနားထောင်ကြည့်မှ ကျွန်တော်လဲကြိုက်သွားတာဗျို့ ။ သေချာနားထောင်စေချင်တယ်
Saturday, March 15, 2008
ပတ်သတ်ခွင့်ပြုပါ။
Vocalist: ဟဲလေး။ အစ္စဏီ။ ဒီယံ။
Song: ပတ်သတ်ခွင့်ပြုပါ။
သီချင်းလေးက ဒီလိုလေး....
မမျှော်လင့်ပဲ ဇွတ်ချစ်မိတာ နင်ပါ...
မျှော်လင့်ခြင်း အဆုံးမသတ်သူဟာ နင်ပါ...
အရာရာထက် ငါဦးစားပေးခဲ့လဲ...
နင်မသိတော့ ခံစားရ...
ကြွေအောင်ငါက ပြောမပြတတ်တာယုံပါ...
အနွံတာခံပြီး ချစ်ပြပါ့မယ် ယုံပါ...
ဆုံလာသမျှကို ဖွဲဆန်ကွဲသတ်မှတ်လို့...
ငါ့ဘ၀ထဲမှာ နင်ပဲရှိတယ်...
ငါနင့်ကို သိပ်ချစ်တာပဲ...
ငါဘယ်သူမှ မချစ်ချင်ဘူး...
ငါနင့်ကို သိပ်ချစ်တာပဲ...
အမြဲပဲ တွေ့ချင်တယ်...
ကောင်မလေးရယ်...မင်းကို
ထာဝရ ပတ်သတ်ခွင့်ပြုပါ။
သိချင်သေးရင် သီချင်းဆုံးအောင် နားထောင်လိုက်နော် =]

Thursday, March 13, 2008
အတိုင်းထက်အလွန်
Vocalist: နောနော်
Song: အတိုင်းထက်အလွန်
အိပ်လို့မရဘူး မျက်လုံးတွေမမှိတ်သေးဘူး
မြင်နေတယ်ခုထိ
မင်းရဲ့နှုတ်ခမ်းပါးလေးပဲမြင်ယောင်ရင်း...
Song: အတိုင်းထက်အလွန်
အိပ်လို့မရဘူး မျက်လုံးတွေမမှိတ်သေးဘူး
မြင်နေတယ်ခုထိ
မင်းရဲ့နှုတ်ခမ်းပါးလေးပဲမြင်ယောင်ရင်း...
Wednesday, March 12, 2008
Sunday, March 2, 2008
မင်းနဲ့အဝေးမှာ
မင်းနဲ့အဝေးမှာ
ကြင်နာခြင်းများ ထားခဲ့လို့ ..... ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေသာယာလွန်းတာ
အချိန်ရှိတိုင်း အမြဲမင်းလေး အတွက်...ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့ နံဘေးမှာ...ရင်ခုန်ချင်မိတဲ့ အဖြစ်တွေများစွာ
ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှစ်လုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ
( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့)
မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်ဆုံးကို ကိုယ်ရောက်ချိန်
မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ်.......ခံနိင်ရေစွမ်းမရှိလို့ မင်းရဲ့အချစ်ကို မျှော်လင့်မိလို့
တစ်နေ့နေ့မှာ မင်းအနားရောက်လာခဲ့မှာ
ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှလုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့အဝေးဆုံးကို ထွက်သွားပါရစေ
( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့ )
Subscribe to:
Posts (Atom)