Saturday, December 6, 2008

သံစဉ်လှိုင်းလေးကို ဘယ်လိုပြုပြင်မွမ်းမံကြမလဲ...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

သံစဉ်လှိုင်း ဘလော့ဂ်လေးကို လုပ်ထားတာကတော့ ၂၀၀၇ ခုနှစ်၊ ဇွန်လကတည်းက ဖြစ်ပါတယ်. ကျွန်တော် youtube မှာ အပျင်းပြေ သီချင်းလေးတွေ နားထောင်နေရင်းက ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို တစ်နေရာမှာ စုထားရင် ကောင်းမယ်ဆိုပြီး ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ youtube video လေးတွေကို စုဆောင်းခဲ့ပါတယ်. နောက်ပိုင်းမှာ တစ်ခြားသူတွေကိုပါ ကြည့်လို့ရအောင်ဆိုပြီး Contributors တွေ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်.

အဲဒီ့နောက်မှာတော့ မြန်မာပြည်တွင်းက youtube ကို access လုပ်လို့မရတဲ့သူတွေပါ ကြည့်လို့ရအောင်၊ နားထောင်လို့ရအောင်ဆိုပြီး သီချင်းလေးတွေကို ဒေါင်းလုပ်ချ၊ File Hosting မှာ upload ပြန်လုပ်ပြီး သီချင်းစာသားလေးတွေကိုပါ တတ်နိုင်သလောက် ပါအောင် ထည့်စေခဲ့ပါတယ်.

အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး. ဒါပေမယ့် အတိုင်းအတာတစ်ခုထိတော့ လက်ခံအားပေးမှု ရခဲ့ပါတယ်. နောက်ပိုင်းမှာတော့ မကြီးကြပ်နိုင်တော့တာက တစ်ကြောင်း၊ ပါဝင်ရေးသားနေတဲ့ Contributors များမှာလည်း မအားလပ်ပုံရတာက တစ်ကြောင်းတို့ကြောင့် ဘလော့ဂ်လေးက အရှိန်သိပ်မရတော့သလိုဖြစ်သွားခဲ့ရပါတယ်.

ကျွန်တော် သိချင်တာက ဒီဘလော့ဂ်လေးကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်သင့်သလဲ.

(၁) သီချင်းတွေ ဝေမျှနေတာ ကော်ပီရိုက် ထိနိုင်သလား. တစ်ခြားဆိုက်တွေလည်း ဝေမျှနေကြတာပါပဲ. ဒါပေမယ့် ကျွန်တော်တို့က အဲဒီ့လိုမျိုး အနုပညာရှင်တွေကို မလေးမစားလုပ်သလို ဖြစ်သွားမိမှာကို ထည့်သွင်းစဉ်းစားသင့်သလား. ဒါဆိုရင် ဘယ်လိုပုံစံနဲ့ ဒီဆိုက်လေးကို ဆက် run မလဲ?

(၂) ဘလော့ဂ်အနေနဲ့ပဲ ထားသင့်သလား၊ ဘလော့ဂ်ဆိုရင်လည်း Blogger နဲ့ကောင်းမလား၊ Wordpress နဲ့ ပိုသင့်တော်မလား. Website လေးတစ်ခုအဖြစ်ပြောင်းသင့်သလား.

(၃) ဘာတွေ ဆက်ထည့်သင့်သလဲ. တစ်ပတ်စာ ရွေးချယ်ချက်လေးတွေ တင်ပေးထားသင့်သလား. ဥပမာ. Countdown 20 of this week ဆိုပြီး သီချင်း ၂၀ ရွေးချယ်တင်ပေးထားတာမျိုး..

ဥပမာ ဆွေးနွေးပြတာပါ. ပရိသတ်ရဲ့ အကြံဥာဏ်လေးတွေကို သိပါရစေ...

ပါဝင်ရေးသားကူညီပံ့ပိုးပေးလိုသူများ ရှိခဲ့ရင်လည်း aungyan@gmail.com ကို ဆက်သွယ်ပေးပါ..

2 comments:

သွင်မောင် said...

သံဇဉ်လှိုင်း ရေ... သီချင်း ဆိုက်တွေကတော်တော်များ လာတယ်... ကျွန်တော်တစ်ခုစဉ်းစားမိတာက သီချင်းတွေကို အယ်လ်ဘမ် အလိုက် ပလေယာ တစ်မျိုးထဲ နဲ့ တင်ရင်ပိုကောင်းမယ်ထင်တယ် ဘာလို့လဲဆိုတော့ ကျွန်တော် ကိုတိုင်က သီချင်းနားထောင်ရင် ကျန်တာဘာမှမလုပ်ချင်တော့ဘူးလေ... ပြီးတော့ ဟိုကလစ် ဒီကလစ် လုပ်ရတာလဲ နဲနဲ ပျင်းလို့ပါ... ဆိုဒ်ဒီဇိုင်း ကတော့ ဘယ်လိုပဲလုပ်လုပ်ပါ.. သိပ်မထူး ထင်တယ်.. host ကတော့ ဘလောဂါ မှာလွတ်လပ်မှုရှိပါတယ်... ကျန်တဲ့သူတွေလည်း ၀ိုင်းပြီးစဉ်းစားပေးကြပါအုံး...

Talkii said...

ကျွန်တော်အမြင်ကတော
၁။ Copyright ကိစ္စမှာ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေရဲ့ သီချင်းကို တခြားသူတွေလည်း နားဆင်စေလိုတဲ့ ဆန္ဒနဲ့ မျှဝေပေးတယ်။ စုစည်းပေးတယ်။ ဒီလိုကိစ္စမျိုးကို အနုပညာရှင်တွေအနေနဲ့လည်း ခွင့်ပြုမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က စီးပွါးဖြစ် လုပ်နေတာမဟုတ်ဘူး။ ၀ါသနာပါလို့ ကိုယ်နဲ့ အကြိုက်တူသူတွေအတွက် လုပ်ပေးနေကြတာပဲလေ။ အခုနောက်ပိုင်းဆို ခိုးကူးခွေကြောက်လို့ တစ်ချို့အဆိုတော်တွေဆို online ကနေပဲ unreleased အနေနဲ့ပဲ ဖြန့်နေကြတာပဲ။

၂။ ဒီအတွက်ကတော့ သိပ်ပြောစရာမရှိပါဘူး။ Blogspot မှာလည်း အဆင်ပြေနေတာပဲ။ Website အတွက်ဆိုရင် အလုပ်ပိုပြီးလုပ်နေရဦးမယ်ထင်တယ်။

၃။ ဘာတွေဆက်ထည့်သင့်လဲဆိုတဲ့နေရာမှာ ကျွန်တော်အမြင်ကတော့ မြန်မာသီချင်းတွေကို တောင်းဆိုမှုရှိမှ ထည့်ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ ကိုသွင်မောင်ပြောသလို မြန်မာ သီချင်း website တွေက များများလာတယ်။ တစ်ချို့ဆို သံစဉ်လှိုင်းထက်ကို သီချင်းတွေ ပိုပြီးပြည့်စုံပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်သင့်တာက ကိုရန်တင်သလို အခြားမှာ မတင်သေးတဲ့ MTV ပုံစံလေးတွေပါ တင်ပေးနိုင်ရင် ကောင်းမယ်။
နောက်တစ်ခုက သီချင်းတွေကို ဒီအတိုင်းတစ်ပုဒ်ချင်းပဲ တင်သင့်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သံဇဉ်လှိုင်းကို သီချင်းဝါသနာပါသူတွေ ကိုယ်ကြိုက်တဲ့ သီချင်းတင်ပြီး အခြားသူတွေနဲ့ ခံစားချက်ချင်းလဲလှယ်တဲ့ နေရာလို့ပဲ မြင်တယ်။ မြင်စေချင်တယ်။ အားလုံးလဲ ပါဝင်ဆွေးနွေးပေးကြပါဦး။ ကျေးဇူးပါ။