Vocalist: ရှင်နော်
Song: မောင်ကျေနပ်မယ်ဆို
မောင်ရဲ့ အချစ်သံစဉ်များလည်း အခုဆိုပျောက်ဆုံးပြီ
ကြင်နာတတ်လေသူ စိမ်းရက်ခဲ့ပြီလား.. မမျှော်လင့်မိခဲ့
မောင်ကျေနပ်မယ်ဆို. နာကြင်မှုတွေရယ် 
ဝေဒနာအလွမ်းလေးများလည်း သိမ်းဆည်းထားပေးပါ့မယ်..
ဒီမှာမျက်ရည်တွေ လှိုင်းတံပိုးများ ပြင်းထန်မြစ်တစ်စင်းဝယ်
ပူလောင်မှုတွေထဲ ထားရက်ခဲ့ပြီလား.. မမျှော်လင့်မိခဲ့
မောင်ကျေနပ်မယ်ဆို အသေသတ်သွားနိုင်တယ်
ဒါပေမဲ့ အချစ်စိတ်တွေ မောင့်အတွက်ရှင်သန်ဦးမယ်..
မောင်ကျေနပ်မယ်ဆို.  စိတ်တိုင်းကျလမ်းကိုရွေးချယ်..
မောင်ကျေနပ်မယ်ဆို. အသည်းခွဲပြီးသွားနိုင်တယ်..
မောင်ကျေနပ်မယ်ဆို.  မေ့ဘ၀ပေးဆပ်ရဲတယ်..
မောင်ကျေနပ်မယ်ဆို.  ပျော်ရွှင်စွာငိုကြွေးပါ့မယ်... 
 
No comments:
Post a Comment