Wednesday, September 12, 2007

မနက်ခင်းရဲ့ သီချင်း

Vocalist: Pinky
Song: မနက်ခင်းရဲ့ သီချင်း

မနက်ခင်းတွေတိုင်း
ပြတင်းပေါက်လေးထဲက
တိုးဝှေ့လာတဲ့ လေညှင်းလေး ချစ်သူသံလား…
ကြိုလင့်နေပါ
ဟိုအဝေးက သစ်ရွက်လေးရေ
ပြောလိုက်ပါ ငါ့ရဲ့ ချစ်သူကြားနိုင်အောင်လေ..

တကယ်ဆို မင်းနဲ့ တို့ရဲ့ ဇာတ်လမ်းလေး
အစိမ်းရောင်ရက်စွဲများ
မမေ့နိုင်ခဲ့ပါ…

ဆုံချင်ပြီ မင်းနဲ့ တို့ရဲ့ကမ္ဘာ
ယုံကြည်စွာ မင်းလေးလှမ်းခဲ့ပါ
နာကြင်မှုများနဲ့ ကင်းဝေးရာ
ကြိုနေမယ် မနက်ခင်းမှာ…..

လိုအင်တွေ ပေးစွမ်းတဲ့ချစ်သူ
ဘယ်သူနဲ့မှ အစားထိုးမရခဲ့ဘူး
ဒဏ်ရာတွေ နှစ်သိမ့်ခဲ့ အပြစ်မယူ
ထာဝရသာမင်းပါ..

1 comment:

s_potato said...

ကိုရန်ရေ တစ်ပုဒ်ဆို တစ်ပုဒ် ထိအောင်တင်ပေးတတ်တာ လေးစားပါတယ်